2/01/2017

♪ Alcatel က MWC မှာ စမတ်ဖုန်း အသစ် ၅ လုံးကို မိတ်ဆက်မည် ♫


ဖေဖော်ဝါရီလမှာ ဘာစီလိုနာတွင် ကျင်းပမယ့် Mobile World Congress (MWC) မှာ Alcatel က စမတ်ဖုန်း အသစ် ၅ လုံးကို မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အဆိုပါ စမတ်ဖုန်းများထဲမှ တစ်လုံးဟာ အစိတ်အပိုင်းများကို ဖြုတ်၊ တပ် လဲလှယ်နိုင်တဲ့ Modular စမတ်ဖုန်း ဖြစ်မယ်လို့ သိရပါတယ်။ သူ့ရဲ့ အနောက်ကာဗာကို ဖြုတ်၊ တပ် ၍ အခြား စွမ်းရည်များ ပါတဲ့ အစိတ်အပိုင်းများကို တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Modular Smartphone တစ်လုံးဖြစ်တဲ့ LG G5 ကတော့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

Alcatel ရဲ့ Modular Smartphone မှာ ဘယ်လို စွမ်းရည်များကို ထည့်သွင်း အသုံးပြုနိုင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရ စမတ်ဖုန်းရဲ့ အနောက်ကာဗာမှာ LED မီးသီးလေးများ တပ်ဆင်ထားပြီး သီချင်း အပေါ် မူတည်၍ အရောင်များ ပြောင်းလဲပြသပေးပါတယ်။ အဲဒီဖုန်းရဲ့ အနောက်ဘက်မှာ Dual-Tone LED Flash တစ်လုံး တပ်ဆင်ထားတာကို ဓါတ်ပုံမှာ တွေ့ရှိရပါတယ်။

အနောက် ကင်မရာကတော့ 13MP ဖြစ်ပါတယ်။ Octa-Core MediaTek Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းမှာ ယူရို ၃၂၀ ၀န်းကျင် ဖြစ်နိုင်ပါတယ်။ Alcatel ရဲ့ စမတ်ဖုန်း အသစ်များနဲ့ ပတ်သက်ပြီး အခြား သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com