2/01/2017

♪ Android 7.0 Nougat ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များ ♫


Google ရဲ့ နောက်ဆုံးထုတ် Android OS ကို လက်ရှိမှာ Nexus Device များနဲ့ LG V20 မှာသာ အသုံးပြုနိုင်ပါသေးတယ်။ မကြာခင်မှာ Nougat ကို စမတ်ဖုန်း ၊ တက်ဘလက်များမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Nougat မှာ စွမ်းဆောင်ချက် အသစ်များစွာ ပါရှိလာတဲ့အတွက် သင့်ရဲ့ ဖုန်းမှာ Nougat ရရှိတဲ့ အခါမှာ သုံးတတ်ဖို့အတွက် သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Split-Screen Mode


Split-Screen ဖန်ရှင်ဟာ ဖုန်းမှာ စကရင် ၂ ခု ခွဲပြီး App ၂ ခုကို တစ်ပြိုင်နက် သုံးနိုင်တဲ့ စွမ်းဆောင်ချက်ပါ။ အဲဒီ စွမ်းဆောင်ချက်ကို Samsung အပါအ၀င် စမတ်ဖုန်း ထုတ်လုပ်သူ များစွာ အရင်ကတည်းက ထည့်သွင်းပေးထားတာပါ။ အခုတော့ Nougat မှာ Built-In ပါရှိလာပါပြီ။ Nougat ရဲ့ Split-Screen ဟာ Portrait နဲ့ Landscape ၂ မျိုးစလုံးမှာ အလုပ်လုပ်ပါတယ်။ App တစ်ခုကို သုံးနေစဉ်မှာ Recent Button ကို နှိပ်ပါ။ သုံးချင်တဲ့ App ကို ရွေးပါ။ ဒါဆိုရင် မူလ ဖွင့်ထားတဲ့ App နဲ့ နောက်မှ ရွေးလိုက်တဲ့ App ကို စကရင် ၂ ခု ခွဲပြီး တစ်ပြိုင်နက် သုံးနိုင်ပါပြီ။ Split-Screen Mode ကနေထွက်ချင်ရင် Recent Button ကို ဖိထားပါ။ တစ်ခုမှတ်ထားရမှာက အချို့ App များဟာ Split-Screen Mode နဲ့ သုံးလို့ မရပါဘူး။

၂။ Quick Switch


Nougat မှာ လက်ရှိနဲ့ နောက်ဆုံးသုံးခဲ့တဲ့ App များကြားမှာ လျှင်မြန်စွာ ပြောင်းသုံးဖို့ ဖန်တီးပေးထားပါတယ်။ Recent App Button ကို ၂ ချက်နှိပ်ရမှာပါ။

၃။ Secret UI Tuner


လျှို့ဝှက်ထားတဲ့ UI Tuner ကို Enable လုပ်ဖို့အတွက် Notification Bar ကို ဆွဲချပြီး Settings Icon ကို ဖိထားပါ။ ဒါဆိုရင် Settings>System အောက်မှာ Menu အသစ်တစ်ခု ပေါ်လာမှာပါ။ UI Tuner ကို Enable လုပ်ပြီးရင် Status Bar ရဲ့ သွင်ပြင်ကို ဆန်းသစ်နိုင်ခြင်း၊ Do Not Disturb , Split-Screen နဲ့ Swipe-Up စွမ်းဆောင်ချက်များကို ပြင်ဆင်နိုင်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

၎။ Power Notifications



Nougat မှာ Notification များကို ပိုမို ထိန်းချုပ်နိုင်တဲ့ စွမ်းဆောင်ချက် ပါလာပါတယ်။ သူ့ကို သုံးဖို့ အရင်ဆုံး UI Tuner ကို Enable လုပ်ရမှာပါ။ အဲဒီနောက်မှာ Power Notification Controls ကို Enable လုပ်ပါ။ အဲဒီမှာ App Notifications များကို Level 0 ကနေ Level 5 အထိ သတ်မှတ်နိုင်ပါတယ်။ Level 0 ဆိုရင် အဲဒီ App ရဲ့ Notification အားလုံးကို ပိတ်ထားပေးမှာဖြစ်ပြီး Level 5 ဆိုရင် Notification List ရဲ့ ထိပ်ဆုံးမှာ ပြသမှာပါ။ အခုဆိုရင် Settings> Notifications ထဲသွားပြီး App များအတွက် Notification Level များ သတ်မှတ်နိုင်ပါပြီ။

၅။ Easy Notification Editing


Nougat မှာ Notification Bar ကို ဆွဲချပြီး Notification တစ်ခုကို ဖိထားခြင်းဖြင့် App-Notification Preferences ကို အလွယ်တကူ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ နောက်တစ်နည်းက Notification ကို ဘေးဘက်ပွတ်ဆွဲပြီး Gear Icon ကို နှိပ်ရတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ Lock Screen မှာတောင် အလုပ်လုပ်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com