2/01/2017

♪ ဆပ်ပြာ နဲ့ ရေဆေးနိုင်တဲ့ စမတ်ဖုန်း ♫


စမတ်ဖုန်းများဟာ ရောဂါပိုးမွှားများ အများဆုံး ရှိတဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများကို ဆပ်ပြာဖြင့် ဆေးကြောလို့ မရပါဘူး။ အခုတော့ ဆပ်ပြာဖြင့် ဆေးကြောနိုင်တဲ့ စမတ်ဖုန်း ပေါ်လာပါပြီ။ ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက တီထွင်ထားတဲ့ Kyocera rafre စမတ်ဖုန်းဟာ ရေဆေးနိုင်ရုံသာမက ရေနွေး၊ ဆပ်ပြာများဖြင့်လည်း ဆေးကြောနိုင်ပါတယ်။

စမတ်ဖုန်းရဲ့ ထိတွေ့မျက်နှာပြင်ကို ရေစိုနေတဲ့ လက်များဖြင့် ကိုင်တွယ် အသုံးပြုနိုင်ပါတယ်။ လက်အိတ်ဝတ်ဆင်ပြီးလည်း သုံးနိုင်ပါတယ်။ မီးဖိုချောင်ထဲမှာ သုံးဖို့အတွက်လည်း Hand Gestures များဖြင့် သုံးနိုင်တဲ့ Cooking App ပါရှိပါတယ်။

Kyocera rafre ဟာ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီး ၅ လက်မ Display တပ်ဆင်ထားပါတယ်။ 2GB RAM , 16GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားပါတယ်။ 3000mAh Battery ပါရှိပါတယ်။ Android 7.0 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။

အရည်၊ ဖုန်နဲ့ အညစ်အကြေးများ ၀င်နိုင်တဲ့ စပီကာနဲ့ Headphone Jack တပ်ဆင်ထားခြင်း မရှိပါဘူး။ အဲဒီအစား တုန်ခါမှုဖြင့် အသံ ထုတ်လွှင့်ပေးနိုင်တဲ့ Smart Sonic Receiver နည်းပညာ ပါရှိပါတယ်။ အဲဒီ နည်းပညာဟာ Xiaomi Mi Mix နဲ့ ဆင်တူတဲ့ နည်းပညာလည်း ဖြစ်ပါတယ်။ Kyocera rafre ကို ဂျပန်မှာ ယခုနှစ် မတ်လမှာ ရောင်းချမှာ ဖြစ်ပြီး ပန်းရောင်၊ အဖြူရောင်နဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com