9/04/2015

♪ Xiaomiပရိသတ် အတွက်မျော်လင့်ချက် MI 5 ♫


တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်း ကုမ္ပဏီ ကိုညွှန်းပါဆို တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးXiaomi ကိုညွှန်းကြမှာ မလွဲပါဘူး။Xiaomi ကစမတ်ဖုန်းမှာပဲအောင်မြင်နေတာလားဆိုတော့ မဟုတ်ပြန်ပါဘူး အခြားလူသုံးကုန် ပစ္စည်းတွေ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း ထုတ်လုပ်အောင်မြင်နေတဲ့အပြင် Laptop ,Smart watch လုပ်ငန်းမှာလည်းမကြာခင်ဝင်ရောက်လာဖွယ်ရှိနေပါတယ်။ Xiaomi ရဲ့မှုကတော့ Customer နှင့်တိုက်ရိုက်ဆက်ဆံရေးထားရှိတာဖြစ်ပြီး မိမိကုန်ပစ္စည်းတွေရဲ့ကြော်ငြာခနဲ့ အခြားကုန်ကျ စရိတ် တွေကိုအထူးလျော့ချပြီး ဈေးနူန်း သက်သာစွာနဲ့ သုံးစွဲသူလက်ထဲကို အရည်အသွေးမှီတဲ့ ကုန်ပစ္စည်းတွေရောက်ရှိအောင် ဖန်တီးထားတဲ့ Online Selling စနစ်ကိုအဓိအသုံးချလေ့ရှိပါတယ်။ ၂၀၁၁ ခုနှစ် သြဂတ်လ မှာ Xiaomi ရဲ့ပထမဆုံးစမတ်ဖုန်းဖြစ်တဲ့ Mi 1 ကိုစတင်ရောင်းချခဲ့ပါတယ်။ ၂၀၁၂ သြဂုတ်လမှာ Mi 2 ၊ ၂၀၁၃ စက်တင်ဘာလမှာ Mi3, ၂၀၁၄ ဇူလိုင်လ မှာ Mi4 တို့ကိုရောင်းချခဲ့ပါတယ်။

Mi series တွေဟာ Xiaomi ရဲ့နာမည် အရှိန်အဝါကိုအတောက်ပဆုံးအနေအထားရောက်အောင် ပို့ပေးခဲ့ပါတယ်။သုံးစွဲသူတွေရဲ့ သဘောကျနှစ်သက်မှုကိုအပြည့်အဝရထားတဲ့ Mi series အတွက်လည်း Xiaomi ဘက်ကအကောင်းဆုံးဖြစ်အောင်ပြင်ဆင်လေ့ရှိပြီး ယခုအခါ Mi 4 ထွက်ပြီး တစ်နှစ်ကျော် ကြာသည့်တိုင်အောင် မျိုးဆက်သစ် Mi Series ကိုမိတ်ဆက်မပေးနိုင်ခဲ့ပါဘူး။ယခုအခါ Mi သုံးစွဲ သူများ အတွက်မျော်လင်ချက်ဖြစ်သော Mi 5 ကို Xiaomi ကမကြာခင် မိတ်ဆက်ပေးဖွယ်ရှိပြီး ၂၀၁၅ နှစ်ကုန် သို့ ၂၀၁၆ နှစ်ဆန်းမှာစတင်ရောင်းချဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်စာမျက်နှာ Weibo မှာ online မှနည်းပညာအချက်အလက် စမတ်ဖုန်းစူးစမ်းသူ @KJuma ရဲ့စာမျက်နှာမှာ ဖော်ပြထားတာ ကိုတွေ့ရပါတယ်။

၎င်း စာမျက်နှာပါပုံအရ Mi 5 လို့ခေါ်ဆိုမည့် Deviceမှာ နံပါတ် ၅ ပုံသဏ္ဌန် ဖြင့် ``သင် အဆင်သင့်ဖြစ်နေပြီလား´´ Are You Ready လို့ရေးသားထားပြီး လက်ဗွေရာမှိန်မှိန်လေးနဲ့ Fingerprint Scanner ပါဝင်လာမည်ကို Hint အရိပ်အမြွက်ပြထားခြင်းဖြစ်နိုင်ပြီး Xiaomi ရဲ့ပထမဆုံး Fingerprint Scanner Device ဖြစ်လာဖွယ်ရှိပါတယ်။နောက်တစ်ပုံမှာတော့ Mi 5 ရဲ့ User Manuel အသုံးပြုမှုလမ်းညွှန် စာအုပ်အဖုံးကိုရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည့်အတွက်Xiaomi အနေဖြင့်အားလုံးပြင်ဆင်ပြီး အဆင်သင့်အနေအထားမှာရှိနေပြီလို့ သူ့ပရိတ်သတ်ကိုဆိုလိုလိုက်ဟန်ဖြစ်မည်ထင်သည်။

၅ လက်မ ထက်ပိုသော မျက်နှာပြင်၊ 4GB RAM ၊ 3000mAh ထက်ပိုသော ဘက်ထရီအား ၊16MP main camera ၊Metal Design တို့အပြင် Antutu Beanchmark တိုင်းတာချက် 83774 အထိရရှိခဲ့သော Qualcomm Snapdragon 820 CPU ကိုအသုံးပြုဖွယ်ရှိပါတယ်။ ထို့အပြင်အခြား ဆန်းသစ်မှုများလည်း ပါဝင်နိုင်ဖွယ် ရှိပါကြောင်း အဆိုပါ Weibo စာမျက်နှာမှာဖော်ပြထားတာကိုတွေ့ရပါတယ်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com