9/08/2015

♪ WeChat နှင့် Ooredoo Myanmar တို့ ပူးပေါင်း၍ အခမဲ့သုံးစွဲခွင့်ရမည့် ဝန်ဆောင်မှုအချို့ကို ယနေ့ စတင် ♫


လူမှုဆက်သွယ်ရေး app တစ်ခုဖြစ်သည့် WeChat နှင့် Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီတို့ ပူးပေါင်းထားသည့် ဝန်ဆောင်မှုတစ်ရပ်ကို ယနေ့မှ စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Ooredoo ဆက်သွယ်ရေးဝန်ဆောင်မှုကို ရယူ အသုံးပြုနေသူများအနေဖြင့် WeChat app အား တစ်လလျှင် 100 MB နှုန်းဖြင့် ၂၀၁၅၊ အောက်တိုဘာ ၃၁ အထိ 200 MB ကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။

အထက်ပါ ဆက်သွယ်ရေး ဝန်ဆောင်မှု နှစ်ခုပူးပေါင်းထားသော ယခုအစီအစဉ်တွင် WeChat ၏ လုပ်ဆောင်ချက်များဖြစ်သည့် အသံ (voice) နှင့် video call ပြောဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ အဖွဲ့လိုက် စကားပြောခြင်း ၊ Hold to Talk ၊ Moments တွင် ဝေမျှခြင်းတို့အပါအဝင် sticker များအသုံးပြုခြင်း အစရှိသည့် ဝန်ဆောင်မှုများကို အခမဲ့ အသုံပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com