9/11/2015

♪ Vivo ရဲ့နောက်ထပ် အရည်သွေးမြင့်တဲ့ “Vivo V1 Max” ♫


Vivo ရဲ့ဟန်းဆက်များထဲတွင်လည်းနာမည်ဆင်တူသောဟန်းဆက်များ ရှိပါတယ်။ရိုးရိုးV1 နှင့်V1 Max ဆိုပြီးနှစ်မျိုးရှိပါတယ်။V1 ဟာ၅လက်မ မျက်နှာပြင်အကျယ်အ၀န်းရှိပြီးV1 Max ကတော့၅လက်မခွဲ မျက်နှာပြင် အကျယ်အ၀န်းရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက်ထည့်သွင်း ပေးထား သော Pixels ပမာဏကတော့တူညီမှုရှိပါတယ်။

CPU ပိုင်းမှာတော့ကွဲပြား ခြားနားသွားပါမယ်။V1 ကquad-core 1.2GHz စွမ်းရည်ရှိသောCPU သာ ပါရှိမှာဖြစ်ပါတယ်။V1 Max... ကတော့Octa Core 1.4GHz စွမ်းရည် ရှိသော CPU ပါရှိပါတယ်။ ဒါကြောင့်ဖုန်းကိုအသုံးပြုတဲ့အခါတွင်တုံ့ပြန်မှုများဟာ လျင်မြန်သွက်လက်ပါတယ်။အသုံးပြုနိုင်မယ့်Network အမျိုးအစား ကတော့2G, 3G ဖြစ်ပါတယ်။Sim Card ၂ကတ်ထည့်သွင်းသုံးစွဲလို့ရပါမယ်။ ဒါကြောင့်အော်ပရေတာများစွာအသုံးပြုနေသူများအတွက်အဆင်ပြေစေပါ မယ်။

ကင်မရာနှစ်မျိုးနှစ်စားပါရှိပြီးအဓိကကင်မရာဟာ13MP စွမ်းရည်ပါ။V1 နှင့် V1 Max ဟာအဓိကကင်မရာ စွမ်းရည်ချင်းတူညီကြပါတယ်။ ရှေ့ကင်မရာငယ် စွမ်းရည်ပိုင်းမှာတော့V1 ကပိုမိုသာလွန်ပါတယ်။V1 ရဲ့ရှေ့ ကင်မရာငယ်သည် 8MPစွမ်းရည်ရှိပြီးV1 Max ရဲ့ရှေ့ကင်မရာငယ်ကတော့5MPစွမ်းရည်ပဲ ရှိပါတယ်။V1 Max ရဲ့GPU အမျိုးအစားကတော့Adreno 405 ပါ။မှတ်ဥာဏ် ပမာဏအပိုင်းတွင်RAM က2GB ပါရှိ မှာဖြစ်ပြီး ROM ကိုတော့16GB ထည့်သွင်း ပေးထားပါတယ်။အများဆုံးတိုးချဲ့အသုံးပြုနိုင်မယ့်မှတ်ဥာဏ် ပမာဏ ကတော့128GB အထိဖြစ်ပါတယ်။


သုံးစွဲလို့ရမယ့်OS အမျိုးအစား ကတော့ Android ဖြစ်ပြီးဗားရှင်းမှာLollipop ပါ။အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့Li-Ion 2720 mAhဖြစ်ပါတယ်။ ထို ဘက်ထရီဟာ စကားပြောဆိုချိန် အတွက်၁၁နာရီနီးပါးခံနိုင်ရည်ရှိအောင် စွမ်းဆောင်ပေးနိုင်ပါမယ်။Sensor စနစ်များလည်းထည့်သွင်းပေး ထား ပါသေးတယ်။

<Specification>

Network - GSM/ HSPA
Screen -5.5 inches
CPU -Octa Core 1.4GHz
OS -Android OS,v5.0.2
Memory -16GB
Bluetooth -Yes
Contact -09-73171213
Price - 388,000 Ks

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com