9/10/2015

♪ Toshiba ၏ 4K Satellite Radius 12 တွင် မျက်နှာဖြင့် Login ၀င်နိုင်မည် ♫

1

Toshiba ၏ Satellite Radius 12 တွင် Windows 10 ၏ မျက်နှာကို စစ်ဆေးနိုင်သော ဆော့ဝဲဖြစ်သည့် Windows Hello ကို အသုံးပြုနိုင်သော Full HD Infra-Red Camera ဖြင့် Laptop ကို မျက်နှာဖြင့် Login ၀င်ရောက်နိုင်မည် ဖြစ်သည်။

Laptop တွင် ဆဌမမျိုးဆက် Intel Skylake Processor မောင်းနှင်မည် ဖြစ်ပြီး 4K 3840x2160p IPS Display ကို တပ်ဆင်ထားသော ပထမဆုံး ၁၂.၅ လက်မ Windows Laptop ဖြစ်လာမည် ဖြစ်သည်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၅၂ ဖြစ်ပြီး Apple ၁၂ လက်မ MacBook ၏ တစ်လက်မလျှင် Pixel သိပ်သည်းဆဖြစ်သော ၂၆၄ ထက်များပြားပါသည်။

Satellite Radius 12 ၏ မျက်နှာပြင်ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်သဖြင့် လက်တော့ ကဲ့သို့သာမက တက်ဘလက်ကဲ့သို့ပါ အသုံးပြုနိုင်သော 2 in 1 အမျိုးအစားဖြစ်ပါသည်။ Laptop, Tablet, Tabletop, Presentation, Audience ဟူ၍ Mode ငါးမျိုးကို အသုံးပြုနိုင်ပါသည်။

အမေရိကန်တွင် ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ရောင်းချမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com