9/08/2015

♪ R7 Plus အတွက် ကြိုတင်မှာယူကို OPPO စတင်လက်ခံ ♫


OPPO သည် R7 နှင့် R7 စမတ်ဖုန်းများကို မေလက မိတ်ဆက်ကြေညာခဲ့ပြီးနောက် ယခုအခါ R7 Plus အတွက် ကြိုတင်မှာယူမှုများကို OPPOStyle အွန်လိုင်းစတိုးမှတစ်ဆင့် စတင်လက်ခံခဲ့ကြောင်းသိရသည်။

OPPO R7 Plus ၏ တန်ဖိုးမှာ အသင့်အတင့်သာ ဖြစ်သော်လည်း ၎င်းတွင် စွမ်းဆောင်ရည်မြင့် option များ ပါဝင်သည်။ R7 Plus ကို သတ္တုပေါင်းစပ်ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး 2.5D ဖန်သားပြင် အသုံးပြုထားကာ ကျောဘက်တွင် fingerprint scanner တစ်ခု ထည့်သွင်းပေးထားသည်။ ၎င်းဟန်းဆက်ကို ၆ လက်မ 1080p display, Snapdragon 615 SoC, 3GB RAM, 16GB/32GB internal memory နှင့် 128GB အထိ တိုးမြှင့်သိမ်းဆည်းနိုင်မည့် microSD card slot တစ်ခုပါဝင်သည်။ ကျောဘက်တွင် 13MP ကင်မရာကို အသုံးပြုထားပြီး အရှေ့ဘက် ကင်မရာက 8MP ဖြစ်သည်။

အဆိုပါ စမတ်ဖုန်းတွင် 4,100 mAh ဘက်ထရီကို တပ်ဆင်ထားပြီး ကုမ္ပဏီ၏ VOOC Flash Charge နည်းပညာကြောင့် လျင်မြန်စွာ အားပြန်သွင်းနိုင်မည် ဖြစ်သည်။ R7 Plus တွင် Android Lollipop 5.1 ကို အခြေခံထားသည့် OPPO ၏ ColorOS 2.1 ကို အသုံးပြုထားသည်။

၎င်းဟန်းဆက်ကို ကြိုတင်မှာယူသူများအတွက် iLikie Bluetooth နားကြပ်ကို အခမဲ့ လက်ဆောင်ပေးအပ် သွားမည်ဟု သိရသည်။ OPPO R7 Plus ကို အမေရိကန်ဒေါ်လာ ၄၉၉ ဖြင့် ရောင်းချ မည် ဖြစ်သည်။

Ref: AndroidAuthority
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com