9/15/2015

♪ Oppo R7 Lite ကို ရောင်းပြီ ♫

oppo r7 lite

Oppo က မေလတွင် မိတ်ဆက်ခဲ့သော R7 နှင့် R7 Plus တို့၏ မျိုးဆက် ဖြစ်သည့် R7 Lite ကို မိတ်ဆက်လိုက်ပါသည်။ Lite အမျိုးအစားသည် R7 နှင့် အရွယ်တူညီပြီး Specs များကိုမူ လျှော့ချထားပါ သည်။ R7 Lite တွင် Android 5.1 Lollipop မောင်းနှင်မည် ဖြစ်သည်။

R7 Lite တွင် ငါးလက်မ AMOLED Display တပ်ဆင်ထားသော်လည်း Resolution ကို 1280x720p သို့ လျှော့ချထားပါသည်။ RAM ကိုလည်း 3GB အစား 2GB သို့ လျှော့ချထားပါသည်။ အခြား Specs များမှာမူ တူညီပြီး Snapdragon 615, 16GB Storage, 13/8MP Camera များ တပ်ဆင်ထားပါသည်။ VOOC Charger နှင့် 2320mAh Battery မှာ မူလ R7 နှင့် တူညီပါသည်။

အခြားကွဲပြားချက်မှာ OS ဖြစ်ပါသည်။ R7 တွင် KitKat ကို အခြေပြုထားသော Color OS 2.1 နှင့် R7 Lite တွင် Android Lollipop ကို အခြေပြုထားသော Color OS 2.1 ကိုထည့်သွင်းထားပါသည်။ အင်ဒိုနီးရှားတွင် ဒေါ်လာ ၂၈၀ ခန့်ဖြင့် ရောင်းချမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com