2/12/2017

♪ “Facebook ကဒုက္ခသည်များအကူအညီတောင်းနိုင်မယ့်စွမ်းဆောင်ချက်ကို ဖြန့်ချိ” ♫

Image may contain: phone

Facebook က သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသများမှ ဒုက္ခသည် များနေစရာနေရာများ၊ အစားအစာ၊ ဆေးဝါးများကို Facebook မှာ အကူ အညီတောင်းနိုင်မယ့် Community Help စွမ်းဆောင်ချက်ကိုထည့်သွင်းပေး မယ်လို့ ယခင်နှစ် နိုဝင်ဘာလက ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ စွမ်းဆောင်ချက်ကို ဖြန့်ချိပေးလိုက်ပါပြီ။

Facebook မှ ပြောရေးဆိုခွင့်ရှိသူက Naomi Gleit က ယခုစွမ်းဆောင်ချက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အသေးစိတ်ကိုဘလော့ဆောင်းပါး တစ်ပုဒ်မှာရေးသားထားပါတယ်။ သူကမတော်တဆမှုများ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် ဒုက္ခရောက်နေသူများဟာ Facebook Community Help ကနေအကူအညီတောင်းခံနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် Community Help ကနေ Facebook User များက လှူဒါန်းမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Community Help ကနေအစားအစာ၊ ရေ၊ သယ်ယူပို့ဆောင်ရေး၊ ကလေး အသုံးအဆောင်ပစ္စည်းများ၊ နေစရာ၊ အ၀တ်အထည်များ၊ အညစ်အကြေး စွန့်ပစ်နိုင်မယ့် အိမ်သာများ၊ တိရိစ္ဆာန်များအတွက် အစားအစာများနဲ့ အခြားမရှိမဖြစ် လိုအပ်တဲ့ အရာများကိုအကူအညီတောင်းခံနိုင်ပါတယ်။ အကူအညီတောင်းတဲ့ ပို့စ်များကိုကဏ္ဍများ ၊ တည်နေရာများဖြင့် ခွဲခြား ပြသပေးထားမှာ ဖြစ်ပါတယ်။ Facebook က Community Help စွမ်းဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ တဖြည်းဖြည်းတိုးချဲ့ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com