9/08/2015

♪ Lenovo က အရှေ့ဘက် ကင်မရာနှစ်လုံးပါသော Vibe S1 ကို မိတ်ဆက် ♫

lenovo vibe s1

Lenovo ကဘာလင်တွင် ကျင်းပသော IFA ပွဲတွင် Vibe S1 ကို မိတ်ဆက်လိုက်ပါသည်။ အဓိက စွမ်းဆောင်ချက်မှာ အရှေ့ဘက်တွင် ကင်မရာနှစ်လုံး တပ်ဆင်ထားခြင်း ဖြစ်ပြီး ထူးခြားသော Selfie ဓါတ်ပုံ များရိုက်ကူးနိုင်ရန် ဖြစ်ပါသည်။

အရှေ့ဘက်တွင် ဓါတ်ပုံရိုက်ကူးရန်အတွက် 8MP နှင့် သတင်းအချက်အလက်အသေးစိတ်ကို ခွဲခြမ်း စိတ်ဖြာပေးသည့် 2MP Camera များပါရှိပါသည်။ Selfie များအတွက် Photo Editing Tools များစွာပါရှိပါသည်။ ဥပမာအားဖြင့် Selfie ရိုက်ပြီးမှ Focus ပြုလုပ်နိုင်ခြင်း၊ နောက်ခံမြင်ကွင်းကို Effect ထည့်သွင်းနိုင်ခြင်းတို့ ဖြစ်ပါသည်။ Selfie မှ မလိုချင်သော လူများကို ဖြတ်ထုတ်ပစ်နိုင်သော Cut Out လည်းပါရှိပါသည်။

Vibe S1 တွင် 64-bit MediaTek Octa-Core Processor, 5” Full HD Display, 3GB RAM, 32GB Storage, 2500mAh Battery ပါရှိပါသည်။ အနောက်ဘက်တွင် 13MP Camera တပ်ဆင်ထားပါသည်။ LTE ဆက်သွယ်မှုကို ထောက်ပံ့ပြီး Android 5.0 Lollipop မောင်းနှင်မည် ဖြစ်သည်။ နိုဝင်ဘာလ တွင် ရောင်းချမည် ဖြစ်ပြီး ဒေါ်လာ ၂၉၉ သတ်မှတ်ထားပါသည်။ အဖြူနှင့် အပြာရောင်များ ရွေးချယ်နိုင် ပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com