9/11/2015

♪ “Huawei က Force Touch နည်းပညာပါတဲ့ Mate S ကိုမိတ်ဆက်” ♫

Mobile Guide Journal's photo.

Huawei က ဘာလင်မှာ ပြုလုပ်တဲ့ IFA Trade Show မှာ Mate S ကို မိတ်ဆက်လိုက်ပါတယ်။ Mate S မှာ Force Touch နည်းပညာပါရှိပြီး Apple Watch မှာပါရှိတဲ့ ဖိအားအပေါ်မူတည်တဲ့ ထိတွေ့မျက်နှာပြင် နည်းပညာ ဖြစ်ပါတယ်။ Mate S မှာ ၅.၅ လက်မ 1080p (1920x1080) 2.5D AMOLED Display တပ်ဆင်ထားပြီး Corning Gorilla Glass 4 ဖြင့် ကာကွယ် ထားပါတယ်။

Mate S ဟာPhabletအမျိုးအစားဖြစ်ပြီး Mate 7 လိုပဲ သတ္တု ကိုယ်ထည်ကိုတပ်ဆင်ထားပါတယ်။ 3GB RAM ထည့်သွင်းထားပြီး အနောက်ဘက် မှာ Fingerprint Scanner တပ်ဆင်ထားပါတယ်။ Phabletရဲ့ အနောက်ဘက်မှာ 13MP OIS Camera တပ်ဆင်ထားပြီးအရှေ့ဘက်မှာ 8MP Camera ပါရှိပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် HiSilicon Kirin 935 SoCမောင်းနှင်မှာ ဖြစ်ပါတယ်။

Fingerprint Scanner ကိုအလွန်လျင်မြန်စွာအလုပ်လုပ်နိုင်အောင် ဒီဇိုင်း ထုတ်ထားပြီး Mate 7 ရဲ့ Fingerprint Scanner ထက်တောင်ပိုမိုမြန်ဆန် တယ်လို့ Huawei ကပြောပါတယ်။ Fingerprint Scanner ကို Notification များနဲ့ ဓါတ်ပုံများကိုပွတ်ဆွဲကြည့်ရှုဖို့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Phone Call များကိုဖြေဆိုဖို့နဲ့ Selfiesဓါတ်ပုံများရိုက်ကူးဖို့အတွက်ပါ Fingerprint Scanner ကိုအသုံးပြုနိုင်ပါတယ်။

Mate S မှာ Huawei Device များမှာ ထည့်သွင်းလေ့ရှိတဲ့ Knuckle Sense 2.0 နည်းပညာပါရှိပါတယ်။ Apps များကိုဖွင့်ဖို့အတွက် မျက်နှာပြင်မှာစာလုံးတစ်ခုကိုရေးဆွဲရတာ ဖြစ်ပါတယ်။ Huawei Mate S ကိုစက်တင်ဘာလ ၁၅ ရက်နေ့မှာအနောက်ဥရောပမှာ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး 32GB Model ကိုယူရို ၆၄၉ နဲ့ 64GB Model ကိုယူရို ၆၉၉ သတ်မှတ်ထားပါတယ်။ အခုဈေးနှုန်းများဟာ Force Touch နည်းပညာမပါတဲ့ အလုံးများအတွက်ဖြစ်ပြီးအဆိုပါနည်းပညာပါတဲ့ အမျိုးအစားကိုနောက်ပိုင်းမှရောင်းချ မှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com