9/02/2015

♪ HTC မှ Peter Chou က Visual Effect Company တစ်ခုတွင် ပူးပေါင်းလုပ်ကိုင် ♫

peter chou

HTC ၏ ယခင် စီအီးအိုဖြစ်သူ Peter Chou က Digital Domain တွင် Executive Director အဖြစ် ပူးပေါင်းလုပ်ကိုင်နေပါသည်။ Digital Domain သည် Iron Man 3, Furious 7, Transformers, Tron Legacy တို့ကို ဖန်တီးသော Visual Effects Company ဖြစ်ပါသည်။ Chou က အဆိုပါ ကုမ္ပဏီတွင် အရာရှိအဖြစ် တာဝန်ယူမည် ဖြစ်သော်လည်း သူ၏ အခန်းကဏ္ဍကို ကွဲပြားစွာ မသိရသေးပါ။

HTC သည် သူ၏ Vive VR Headset ကို အောင်မြင်စေရန် ပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ ပူးပေါင်းလုပ်ကိုင်ခြင်းသည် Chou နှင့် HTC တို့အတွက် အကျိုးရှိစေမည် ဖြစ်သည်။ Digital Domain ကလည်း VR နည်းပညာနှင့် ပတ်သက်သော အလုပ်များကို နောက်ပိုင်းတွင် လုပ်ဆောင်လာသည့်အတွက် ယခုကဲ့သို့ ပူးပေါင်းခြင်းဖြစ်နိုင်ပါသည်။ ကုမ္ပဏီနှစ်ခုသည် Conan O’Brien ကဲ့သို့ စီမံကိန်းများ ကို ဖြစ်ပေါ်စေမည့် IM360 ဟု ခေါ်သော Immersive Media များကို ဖန်တီးကြမည် ဖြစ်သည်။

Vive ကို စားသုံးသူလက်ထဲရောက်ရှိရန် မျှော်လင့်ထားသည်ထက် နှေးကွေးနေသော်လည်း ပြိုင်ဖက်များ ထက် ထူးခြားချက်မှာ အခန်းထဲမှ ၀တ်ဆင်သူ၏ တည်နေရာကို ခြေရာခံနိုင်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူ က သုံးသပ်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com