9/02/2015

♪ ၁၉၉၉ ခုနှစ်နောက်ပိုင်း လိုဂိုဒီဇိုင်း ပြောင်းလဲမှု အကြီးမားဆုံး ပြုလုပ်ခဲ့သည့် Google ♫


Google သည် ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် အကြီးမားဆုံး ပြောင်းလဲမှုအဖြစ် sans-serif သစ်နှင့် အရောင်ဖျော့သော လေးရောင်စပ် လိုဂိုသစ်ကို အင်္ဂါနေ့က မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ ဒီဇိုင်းသစ်ကို ကုမ္ပဏီ၏ ထုတ်ကုန်အားလုံးပေါ်တွင် မကြာမီ တွေ့မြင်ရမည် ဖြစ်ကြောင်း Google မှ ဆိုခဲ့သည်။ အသစ်ပြောင်းလဲထားသည့် လိုဂိုဒီဇိုင်းသစ်ကို Google ၏ ပင်မစာမျက်နှာတွင် လိုဂိုအဟောင်းကို ဖျက်ကာ အသစ်ကို ရေးဆွဲထားသော animation တစ်ခုဖြင့် မိတ်ဆက်ပေးခဲ့သည်။

“Google က ပြီးခဲ့တဲ့ ၁၇ နှစ်အတွင်းမှာ အများကြီး ပြောင်းလဲခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာလည်း အသွင်အပြင်နဲ့ ခံစားမှုက တိုးတက်ပြောင်းလဲခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့က ပြောင်းလဲမှုတွေကို ထပ်လုပ်နိုင်ခဲ့ပါပြီ” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ယခုကဲ့သို့ လိုဂိုဒီဇိုင်း ပြောင်းလဲခြင်းသည် လူအများက platform အမျိုးမျိုး၊ app အမျိုးမျိုးနှင့် ထုတ်ကုန်အမျိုးမျိုးပေါ်ရှိ Google ထုတ်ကုန်များနှင့် အပြန်အလှန်လုပ်ဆောင်မှု ထင်ဟပ်စေမည့် အဓိပ္ပာယ်ဖြစ်ကြောင်း Google မှ ဆိုခဲ့သည်။

“ဒါဟာ Google ကို သုံးစွဲသူတွေအတွက် Google က ဘယ်လို လုပ်ဆောင်ပေးတယ်ဆိုတာ ကို ပြသတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အရောင်အသွေးစုံလင်တဲ့ Google mic လိုမျိုး အစိတ် အပိုင်းသစ်တွေက သုံးစွဲသူရဲ့ ပြောကြားမှု၊ ရိုက်နှိပ်မှုတွေ ပြုလုပ်တဲ့အခါမှာ သုံးစွဲသူကို ခွဲခြားသိမြင်နိုင်ပြီး အပြန်အလှန် လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး အပြာရောင် ‘g’ icon အသေးလေး နေရာမှာ လိုဂိုနဲ့ ကိုက်ညီမယ့် လေးရောင်စပ် ‘G’ ကို အစားထိုးခဲ့ပါတယ်” ဟု ကုမ္ပဏီမှ ပြောကြားသွားခဲ့သည်။

Ref: TheGuardian
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com