9/01/2015

♪ Galaxy Note 5 ၏ Pengate အားနည်းချက်နှင့် ပတ်သက်၍ Samsung သတိပေး ♫


Samsung Galaxy Note 5 ၏ S-Pen stylus ကို ဘက်မှား ထည့်သွင်းမိပြီးနောက် ထုတ်ယူရန် ကြိုးစားလျှင် S-Pen, Note 5 သို့မဟုတ်  ၎င်းအရာနှစ်ခုစလုံး ထိခိုက်နိုင်ကြောင်း သုံးစွဲသူများအား အသိပေးထားသည်။ ထို့ကြောင့် Samsung က သုံးစွဲသူများအနေဖြင့် Note 5 ကို အသုံးမပြုမီ manual စာအုပ်များ ဖတ်ရှုထားကြရန် အကြံပြုထားသည်။

“ကျွန်တော်တို့အနေနဲ့ တိုက်တွန်းလိုတာက Galaxy Note 5 သုံးစွဲသူတွေဟာ S-Pen ကို မမှန်မကန် ထည့်သွင်းတာကြောင့် မမျှော်လင့်တာတွေ ဖြစ်ပေါ်တာကို မခံစားရအောင် သုံးစွဲသူလမ်းညွှန်ချက် က ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်” ဟု Samsung က ထုတ်ပြန်ထားသည်။ အကယ်၍ သုံးစွဲသူများက S-Pen ကို Note 5 အတွင်း မမှန်မကန် ထည့်သွင်းမိပါက ညှပ်သွားမည် ဖြစ်သည်။

အဆိုပါ အားနည်းချက်ကို ပထမဆုံးတွေ့ရှိသူ Android Police  သတင်းဝက်ဘ်ဆိုက်က Note 5 တွင် S-Pen  အားပြောင်းပြန် ထည့်သွင်းသည့်အခါ ခုခံမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့နောက် S-Pen ကို မမှန်မကန် ဆက်လက် မထည့်သွင်းပါက ညှပ်သွားမည်ဖြစ်ကြောင်း၊ ၎င်းကို ထုတ်ယူရန် ကြိုးစားသည့်အခါ ပြန်လည်ထွက်လာမည် ဖြစ်ကြောင်း၊ သို့ရာတွင် Note 5 အတွင်းရှိ S-Pen မှာ ထည့်သွင်းထားခြင်း ရှိမရှိ ခြေရာခံသည့် အစိတ်အပိုင်းမှာ ပျက်စီးနိုင်ခြေ ပိုမိုများပြားကြောင်း၊ ၎င်းတို့ Galaxy Note 5 ကို စမ်းသပ်စဉ်အတွင်း ထိုကဲ့သို့ တွေ့ရှိရကြောင်း Android Police က ဖော်ပြခဲ့သည်။

အခြား Note 5 သုံးစွဲသူများကလည်း S-Pen ကိုမမှန်မကန် ထည့်သွင်းပြီး ဖယ်ရှားပြီးနောက် ၎င်း၏လုပ်ဆောင်မှု ရပ်တန့်သွားကြောင်း ပြောကြားခဲ့ကြသည်။

Ref: Dailymail

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com