9/16/2015

♪ Facebook အတွက် Dislike ခလုတ်ကို ဖန်တီးနေကြောင်း ဇူကာဘတ် ပြောကြား ♫


Facebook သည် Dislike ခလုတ်တစ်ခုကို ဖန်တီးနေပြီး စမ်းသပ်မှုကို မကြာမီ ပြုလုပ်သွားမည်ဟု အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ကုမ္ပဏီရုံးချုပ်တွင် ပြုလုပ်ခဲ့သော အမေးအဖြေကဏ္ဍတစ်ခု တွင် ပြောကြားလိုက်သည်။

၎င်းက “ကျွန်တော်တို့မှာ စိတ်ကူးရှိပါတယ်။ ဒီစိတ်ကူးကို မကြာခင် စမ်းသပ်ဖို့ အသင့်ဖြစ်နေပါပြီ။ ဘယ်လောက်အထိ အလုပ်ဖြစ်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးသွားမှာပါ” ဟု ဆိုခဲ့သည်။

Facebook post တစ်ခုနှင့် ပတ်သက်၍ မကြိုက်နှစ်သက်ကြောင်း ဖော်ပြနိုင်မည့် dislike ခလုတ်ကို လူအများက နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီးနောက် ကုမ္ပဏီအနေဖြင့် ၎င်း option အတွက် အသင့်ဖြစ်နေကြောင်း ဇူကာဘတ်က ပြောကြားခဲ့သည်။

၎င်းက “dislike ခလုတ်နဲ့ ပတ်သက်ပြီး လူတွေက နှစ်အတန်ကြာကတည်းက တောင်းဆိုခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီနေ့က အထူးနေ့တစ်နေ့လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာ လူတွေတောင်းဆိုနေတဲ့ အရာကို ကျွန်တော်တို့ လုပ်ဆောင်နေတယ်လို့ ပြောနိုင်တဲ့နေ့ ဖြစ်တဲ့ အတွက်ကြောင့်ပါ” ဟု ဆိုခဲ့သည်။

ကုမ္ပဏီအနေဖြင့် dislike ခလုတ်ကို မိတ်ဆက်ရန် တွန့်ဆုတ်နေခဲ့သော်လည်း မကြိုက်နှစ်သက်သော သတင်းများနှင့် ပတ်သက်သည့် post များကို သင်္ကေတနှင့် ဖော်ပြလိုသည့် သုံးစွဲသူများ၏ ဆန္ဒကို နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။

“သုံးစွဲသူများက Like အပြင် စာနာထောက်ထားမှုတွေကို ဖော်ပြနိုင်ဖို့အတွက် အခြားရွေးချယ် မှုတွေ ထောက်ပံ့ပေးနိုင်ဖို့ အရေးကြီးပါတယ်။ အချိန်ကာလတိုင်းက ကောင်းတဲ့ အချိန်ကာလတစ်ခု မဖြစ်နိုင်ပါဘူး” ဟု Facebook အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့သည်။

Ref: CNN
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com