9/09/2015

♪ Facebook မှာ သင့်ကို ခြေရာခံနေတဲ့ ကုမ္ပဏီများကို Block ပြုလုပ်နည်း ♫

https://lh3.googleusercontent.com/NiCvwVyWhyqXs8LddEux-IFzIGBSfawCld7Wzl9avTDHfCZdxt3ebDmBwewAU-Xv3nJro1pqKZU=s640-h400-e365

Facebook ဟာ သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့ သတင်းအချက်အလက်များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများ မျှဝေဖို့ ကောင်းတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်။ Facebook ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် သင့်အနေ နဲ့ ပြန်ပေးဆပ်ရတာတွေ ရှိနေပါတယ်။ သင်ဟာ Facebook ကို အသုံးပြုသူတစ်ယောက်ဆိုရင် သင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပေါင်းများစွာကို ကုမ္ပဏီများစွာထံ မျှဝေနေရတာ ဖြစ်ပါတယ်။ Facebook ဟာ သင့်ရဲ့ သတင်းအချက်အလက်တွေကို နည်းမျိုးစုံနဲ့ ကုမ္ပဏီများစွာထံ ရောင်းချနေ တာ ဖြစ်ပါတယ်။

App တစ်ခု ဒါမှမဟုတ် ၀က်ဆိုက်တစ်ခုကို သင့်ရဲ့ Facebook အကောင့်နဲ့ Log In ၀င်ရင်လည်း သင့်ရဲ့ Facebook Profile သတင်းအချက်အလက်တွေကို အဲဒီ ကုမ္ပဏီတွေက ရရှိကြပါတယ်။ သင့်ရဲ့ ပရိုဖိုင်မှ အီးမေးလိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ အပါအ၀င် သတင်းအချက်အလက်များစွာကို ကုမ္ပဏီတွေက တွေ့မြင်နိုင်ကြပါတယ်။ နောက်ပြီး အဲဒီဒေတာတွေကို သင်က သူငယ်ချင်းများနဲ့ မျှဝေလိုက်တာလည်း ဖြစ်ပြီး Apps များကို အသုံးပြုတဲ့ သူငယ်ချင်းများက သင့်ရဲ့ ဒေတာတွေကို တွေ့နိုင် ပါတယ်။

Advertisers, Facebook-App Developers နဲ့ Facebook Ad Tech Partners တွေက သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို တိုက်ရိုက် ကြည့်ရှုခွင့်တော့မရပါဘူး။ Facebook က အသုံးပြုသူရဲ့ Privacy အတွက် ဒေတာတွေကို မွှေနှောက်ပြီး ကိုယ်ယောင်ဖျောက် ကာကွယ်ပေးထားပါတယ်။ ဥပမာအားဖြင့် မောင်ဘ ဟာ သူ့ရဲ့ ပရိုဖိုင်မှာ ရန်ကုန်မှာ နေတယ်လို့ ရေးသားထားပေမယ့် ကုမ္ပဏီတွေက ရန်ကုန်မှာ နေတဲ့ Facebook User တစ်ယောက်ဆိုတာကိုပဲ သိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီတစ်ခုက ရန်ကုန်မှာ နေတဲ့ လူတွေဆီသို့ သူ့ရဲ့ ကြော်ညာကို ပြသဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကြော်ညာများနဲ့ ပတ်သက်ပြီး သင့်ရဲ့ Privacy ကို စိတ်ပူသူများအတွက် အောက်ပါ နည်းလမ်းနှစ်ခုကို အသုံးပြုနိုင်ပါတယ်။

၁။ ကြော်ညာအတွက် သင့်ကို ခြေရာခံခြင်းကို ပိတ်ပင်ပါ။

၂။ သင့်ရဲ့ Facebook Profile ကို အသုံးပြုခွင့်ရှိတဲ့ Apps နဲ့ ၀က်ဆိုက်များကို ပိတ်ပင်ပါ။

၁။ ကြော်ညာအတွက် သင့်ကို ခြေရာခံခြင်းကို ပိတ်ပင်ခြင်း။
Facebook ရဲ့ Settings ထဲသွားပြီး ဘယ်ဘက်ခြမ်းမှ Ads ကို နှိပ်ပါ။
Ads မှ ကဏ္ဍတစ်ခုချင်းစီမှာ Edit ကို နှိပ်ပါ။

1

Edit Menu မှာ အခြား လူများ မြင်တွေ့နိုင်ဖို့အတွက် ကြော်ညာများမှာ သင့်ရဲ့ Facebook ID ကို ဘယ်လို အသုံးပြုသလဲဆိုတာကို ပြသမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြသထားတာကတော့ သင် Like ပြုလုပ်ထား တဲ့ စားသောက်ဆိုင်တစ်ခုကို သင့်ရဲ့ သူငယ်ချင်းတွေကို သင့်ရဲ့ အမည်နဲ့တကွ ပြသပေးတာ ဖြစ်ပါတယ်။

2

Option မှာ No One ပြောင်းပေးပြီး Save Changes ကို နှိပ်ပါ။ Edit Sections တိုင်းမှာ No One ပြောင်းပေးပြီး Save လုပ်ရမှာ ဖြစ်ပါတယ်။

3

၂။ သင့်ရဲ့ Facebook Profile ကို အသုံးပြုခွင့်ရှိတဲ့ Apps နဲ့ ၀က်ဆိုက်များကို ပိတ်ပင်ခြင်း။
Settings ရဲ့ ဘယ်ဘက်ခြမ်းမှ Apps ကို နှိပ်ပါ။

Logged in with Facebook အောက်မှ Show All ကို နှိပ်ရင် သင့်ရဲ့ Facebook Account နဲ့ Log In ၀င်ထားတဲ့ တစ်နည်းအားဖြင့် သင့်ရဲ့ Facebook Profile မှ ဒေတာတွေကို အသုံးပြုခွင့်ပေးထားတဲ့ Apps အားလုံးကိုတွေ့ရမှာ ဖြစ်ပါတယ်။

4

အသုံးမပြုတော့တဲ့ Apps များကို Delete လုပ်ပါ။ အသုံးပြုတဲ့ Apps များအတွက်လည်း Apps Permission ကို ပြင်ဆင်ဖို့ Edit ကနေ ပြုလုပ်နိုင်ပါတယ်။ App တစ်ခုချင်းစီရဲ့ Permission ကို သေချာစွာလေ့လာပြီး Edit လုပ်ပါ။

Apps Others Use ကဏ္ဍမှ Edit ကို နှိပ်ရင် သင့်သူငယ်ချင်းတွေနဲ့ မျှဝေထားတဲ့ သင့်ရဲ့ ဒေတာတွေ ကို မြင်နိုင်မှာ ဖြစ်ပြီး အဲဒီဒေတာတွေကို သင့်သူငယ်ချင်းတွေ အသုံးပြုတဲ့ Apps များက မြင်နိုင်တာ ဖြစ်ပါ တယ်။ App တွေက မမြင်စေချင်တဲ့ ဒေတာတွေမှာ အမှန်ခြစ်ဖြုတ်ပြီး ကာကွယ်နိုင်ပါတယ်။

5

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com