9/09/2015

ကချင်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆ ၂၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိနေ

မန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းဖုန်း သိပ်သည်းဆ အနည်းဆုံးဒေသများမှာ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ဒေသနှစ်ခုသည် တစ်နိုင်ငံလုံး၏ မိုဘိုင်းသိပ်သည်းဆ ၂၀ ရာခိုင်နှုန်းအောက်တွင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုဘိုင်းဖုန်း သိပ်သည်းဆ နည်းပါးနေသေးခြင်းမှာ အဆိုပါဒေသများ၏ တစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် မိုဘိုင်း ဆက်သွယ်ရေးဈေးကွက် အနည်းငယ်သာရှိနေသေးခြင်း တို့ကြောင့် ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
“ဒီမှာက မြို့ကြီးတွေလို တစ် ဦးချင်း မိုဘိုင်းဖုန်းကိုင်သုံးတာ နည်းတယ်ပြောရမယ်။ ရွာဘက် တွေဆို ပိုနည်းတာပေါ့။ စစ်တွေ၊ တောင်ကုတ်လိုမြို့ပေါ်မှာတော့ တစ်ယောက်ချင်းစီ ဖုန်းသုံးတာ ပိုများတယ်။ ဒါတောင် မိသားစု တစ်စုမှာ လူစေ့ဖုန်းကိုင်တာမျိုး မရှိသေးဘူး။ ရန်ကုန်မှာဆို မိသား စု လေးဦးရှိရင် လေးဦးလုံးမှာ မို ဘိုင်းဖုန်းတစ်လုံးစီရှိ ကြတယ်လေ” ဟု ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ ဒေသခံတစ်ဦးကဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် မိုဘိုင်းဖုန်းသိပ်သည်းဆ နည်းပါးနေသေးသော ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့ရှိနေသေးကြောင်း သိရသည်။ အဆိုပါ ဒေသများမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ကြသည်။
တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်း သိပ်သည်းဆ အများဆုံး ဒေသမှာ နေပြည်တော်ကောင်စီနယ်မြေ ဖြစ်နေပြီး ယင်းဒေသတွင် ၁၂၄ ရာခိုင်နှုန်းအထိ ရှိနေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၏ မိုဘိုင်းဖုန်း သိပ်သည်းဆပမာဏမှာ ၈၀ ရာခိုင်နှုန်းရှိနေပြီး မန္တလေး တိုင်းတွင် မိုဘိုင်းဖုန်းသိပ်သည်း ဆ ၅၀ ရာခိုင်နှုန်းသာရှိနေကြောင်း အထက်ပါဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ အရသိရသည်။
အထက်ပါ ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော နိုင်ငံအတွင်း မိုဘိုင်းဖုန်းသိပ်သည်းဆ ပမာဏများသည် ဒေသတစ်ခုချင်းစီးအ တွက် ရောင်းချပြီးသော ဆင်းမ်ကတ် အရေအတွက်နှင့် အသုံးပြု နေသည့် အရေအတွက်တို့အား အချိုးချ တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Credit  internetjournal
Thiha Htike(THT)




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download