9/09/2015

တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက်ပြသမည်






ဂျပန်နိုင်ငံတွင်ကျင်းပမည့် တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက် ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Tokyo Game Show 2015 ပြပွဲသို့ မြန်မာနိုင်ငံ ကွန်ပျုတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများနှင့် ပြည်တွင်း Game Developers များ သွားရောက် လေ့ လာမည် ဖြစ်ကြောင်းနှင့် ပြည်တွင်း Game Developer များ ဖန်တီး ထုတ်လုပ်ထားသော ဂိမ်းများ ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ဂိမ်းကုမ္ပဏီ သုံးခု၏ ဂိမ်းစုစုပေါင်း ၁၂ မျိုးဝန်းကျင်ခန့် ပြသမည်ဖြစ်သည်ဟု သိရသည်။

ဂျပန်နိုင်ငံရှိ အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Center-AJC) မှကြီးမှူး၍ ASEAN Creative Network အစီအစဉ်အရ Tokyo Game Show 2015 ကို စက်တင်ဘာလ (၁၇) ရက်မှ (၂၀) ရက်နေ့အထိကျင်း ပမည်ဖြစ်သည်။

“ကျွန်တော့် အနေနဲ့ကတော့ Rage of Rama ဂိမ်း (ရာမဇာတ်တော်အား အခြေခံထားသည့် ဂိမ်း) ကို အဓိကထား ပြသသွားမှာ ဖြစ်ပါတယ်” ဟု ပါဝင်ပြသမည့် Total Gameplay Studio မှကိုမြင့်ကျော်သူက ပြောသည်။ မြန်မာနိုင်ငံမှ Kodots, Total Gameplay Studio, Joy Dash တို့မှ ထုတ်လုပ် ဖန်တီးထားသော ဂိမ်းများ ပြသ သွားမည်ဖြစ်သည်။ Joy Dash အနေဖြင့် စုစုပေါင်း ဂိမ်းဆယ်မျိုး ဝန်းကျင်ခန့်ကို ပြသမည်ဖြစ်ကြောင်း Joy Dash မှ ကိုသက်နိုင်ဆွေကပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ကတော့ ဥာဏ်စမ်းဂိမ်း၊ ဇာတ်လမ်း ဦးစားပေးတဲ့ ဂိမ်းအမျိုးအစားတွေကို အဓိကထား ပြသသွားမှာဖြစ် ပါတယ်” ဟု Kodots မှ ကိုချစ်ကိုကို က ပြောသည်။

အဆိုပါ တိုကျိုဂိမ်းပြပွဲတွင် နိုင်ငံ (၄၀) ကျော်မှ လာရောက် ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ပါဝင်ပြသခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာမှ နာမည်ရ ဂိမ်း ကုမ္ပဏီများဖြစ်သော Capcom, Namco, CryTeck စသည်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် အချက်အလက်များ ယူဆောင်ပြီး ချိတ်ဆက်ရန် ဆက်သွယ်ရမည့် သူများ အဖြစ် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူများ အနေဖြင့် အဆိုပါ အသင်းသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download