9/09/2015

စမတ်ဖုန်း ဈေးကွက်ကို လွမ်းမိုးရန် တရုတ်ကုမ္ပဏီများ ရည်မှန်း







တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်ကာ ကမ္ဘာ့စမတ်ဖုန်း ရောင်းချမှု ၏ ၃၀ ရာခိုင်နှုန်းကျော် ရှိသည်။ လက်ရှိတွင် နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်စမတ်ဖုန်း ထုတ်လုပ်သူများအနေဖြင့် နိုင်ငံရပ်ခြား ဈေးကွက်သစ်များ ရှာဖွေရန် ဖိအားရှိနေသည်။

၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ စမတ်ဖုန်းသစ်များ ၃၂.၃  ရာခိုင်နှုန်းအထိ တင်ပို့ခဲ့ကြောင်း သုတေသနကုမ္ပဏီ  IDC မှ ဖော်ပြခဲ့သည်။ ၂၀၁၅ ခုနှစ် တရုတ်နိုင်ငံ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ၁.၂ ရာခိုင်နှုန်းနှစ်စဉ် တိုးတက်လာနိုင်ကြောင်း၊ ယခင်နှစ်ကထက် ၁၉.၇ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း IDC မှ ခန့်မှန်းထားသည်။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူများသည် နိုင်ငံရပ်ခြားရှိ သုံးစွဲသူများကို ဆွဲဆောင်ရန် နည်းဗျူဟာအသစ်များ အသုံးပြုလျက်ရှိသည်။ Lenovo သည် ၂၀၁၄ခုနှစ် ကန်ဒေါ်လာ ၁၂.၅ ဘီလီယံဖြင့် Motorola Mobility ကို ဝယ်ယူခဲ့ပြီး အမေရိကန်နှင့် ဥရောပတို့  ခြေကုပ်ရယူခဲ့သည်။  တရုတ်နိုင်ငံ၏  Apple ဟု ခေါ်ဆိုနိုင်သော Xiaomi သည်

ဖွံ့ဖြိုးဆဲ ဈေးကွက်များဖြစ်သော အာဖရိကတွင် စမတ်ဖုန်းများ စတင်ရောင်းချရန် စီစဉ်ထားသည်။ ကမ္ဘာပေါ်ရှိ ဆက်သွယ်ရေး ကိရိယာများ ထုတ်လုပ်သည့် Huawei သည် အနောက်နိုင်ငံမှ သုံးစွဲသူများ ဖုန်း၏အမည်ကို လွယ်ကူစွာ ခေါ်ဆိုနိုင်ရန် Honor အမှတ်တံဆိပ် ကို မိတ်ဆက်ခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် ယူကေတွင် Honor 7 စမတ်ဖုန်းကို မိတ်ဆက်ခဲ့သည်။

Ref: Telegraph
Credit  internetjournal
Thiha Htike(THT)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download