LG က G Pro 3 တွင် ခြောက်လက်မ QHD Display နှင့် Snapdragon 820 Chipset
ထည့်သွင်း ထားမည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ထို့အပြင် 4GB RAM
ပါရှိသဖြင့် Multitasking ပြုလုပ်ရန် ကောင်းမွန်မည် ဖြစ်သည်။
G Pro 3 တွင် 32GB Internal Storage အပြင် microSD Card Slot ပါရှိမည် ဖြစ်သည်။ အဓိက ကင်မရာ အနေဖြင့် 20.7MP Camera နှင့် အရှေ့ဘက်တွင် 8MP Camera ပါရှိမည် ဖြစ်သည်။ Fingerprint Sensor လည်း ပါရှိမည်ဟု သတင်းထွက်ပေါ်နေပါသည်။ ထို့အပြင် ဖုန်းပိုင်ရှင်၏ မျက်စိကို စစ်ဆေးနိုင်သည့် Iris Recognition နည်းပညာလည်း ပါရှိနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။
LG က G Pro 3 ကို ယခုနှစ်ကုန်တွင် ဒေါ်လာ ၇၉၀ ဖြင့် ရောင်းချမည်ဟု သတင်းထွက်ပေါ်နေပါသည်။
Credit to ==> Myanmar DigitalLife Journal