7/24/2015

♪ ဒီနေ့တော့ iCloud Drive ဆိုတဲ့ အရမ်းအသုံးဝင်တဲ့ feature လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ♫


iCloud Drive ကိုတော့ အခုလို 3G နှင့် Internet ကိုတွင်တွင်ကြယ်ကြယ် အသုံးပြုလာတဲ့အချိန်မှာတော့ တကယ်ကိုအသုံးဝင်ပါတယ်။ ဥပမာ ကျွန်တော်က MacBook မှာစာတွေရိုက်ပြီး (သို့) စာရင်းလုပ်ပြီး အဲဒီ files တွေကို USB stick နှင့်သယ်သွား၊သယ်လာ မလုပ်ချင်ဘူးဆိုရင်၊ အဲဒီ files တွေကို iCloud Drive ပေါ်မှာ upload လုပ်ပြီး save လုပ်ထားလိုက်ရင်၊ ဘယ်နေရာပဲ ရောက်ရောက် internet ရှိရင် အဲဒီ files တွေအားလုံးကို အချိန်မရွေး iPad မှပဲဖြစ်ဖြစ်၊ iPhone မှပဲဖြစ်ဖြစ်၊ iPod Touch မှပဲဖြစ်ဖြစ်၊ တခြား computer မှပဲဖြစ်ဖြစ် access လုပ်နိုင်ပါတယ်။


iCloud Drive ကိုအသုံးပြုချင်ရင်တော့ ကိုယ့်ရဲ့ Apple Devices တွေအားလုံးမှာ မိမိရဲ့ တခုတည်းသော Apple ID account ဖြင့် iCloud မှာ Sign-in လုပ်ထားရမှာဖြစ်ပါတယ်။ iCloud တွေမှာ Sign-in လုပ်ပြီးရင် iCloud ထဲက iCloud Drive ကို On လုပ်ရပါမယ်။ ပြီးရင် iCloud Drive ထဲက ကိုယ်အသုံးပြုချင်တဲ့ Apps တွေကိုလည်း On လုပ်ရပါမယ်။


iPhone၊ iPad၊ iPhone Touch တွေမှာတော့ Settings အောက်က မိမိအသုံးပြုချင်တဲ့ Apps တွေအောက်မှာ Use iCloud ဆိုတာကိုထက်ပြီး On ရပါမယ်။ (Settings -> Pages, Numbers, Keynote) Mac မှာဆိုရင်တော့ System Preferences အောက်က iCloud မှာ မိမိရဲ့ တခုတည်းသော Apple ID account ဖြင့် Sign-in လုပ်ပါ။ ပြီးရင် iCloud ထဲက iCloud Drive ကို On လုပ်ရပါမယ်။ ပြီးရင် iCloud Drive ထဲက Options ကိုရွေးပြီး ကိုယ်အသုံးပြုချင်တဲ့ Apps တွေကိုလည်း On လုပ်ရပါမယ်။



iCloud Drive ပေါ်က Pages files တွေကို iPhone၊ iPad၊ iPod Touch မှ access လုပ်ချင်ရင် Pages app ထဲကိုဝင်လိုက်ပါ။ iCloud Drive ပေါ်မှာရှိတဲ့ မိမိရဲ့ Pages files တွေအားလုံးကိုတွေ့ပါလိမ့်မယ်။ Mac မှာဆိုရင်တော့ Finder ထဲက လက်ဝဲဘက် Sidebar မှာ iCloud Drive ကိုရွေးပြီး iCloud Drive ပေါ်က မိမိ ရဲ့ files အားလုံးကို access လုပ်လို့ရပါတယ်။ တခြား PC တွေက access လုပ်ချင်ရင်တော့ web broswer ကိုဖွင့်ပြီး www.icloud.com မှာ Sign-in လုပ်ပြီး files တွေကို access လုပ်နိုင်ပါတယ်။

 

 

 




mDrive ရဲ့ Information Sharing Topics များမှာ ဝင်ရောက်ဆွေးနွေးနိုင်သလို Feedback များကိုလဲ ကြိုဆိုပါတယ်




With best wishes..
‪#‎mDrive‬

Reference here: https://www.apple.com/support/icloud/icloud-drive/
Myanmar Consumer Guide

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com