7/24/2015

♪ မျက်နှာပြင်နှစ်ဖက်ပါသော UMI Zero 2 ♫

2

တရုတ် စမတ်ဖုန်းထုတ်လုပ်သူ UMI က မျက်နှာပြင်နှစ်ဖက်ပါသော Zero 2 စမတ်ဖုန်း ကို ပြသလိုက်ပါသည်။ Zero 2 သည် ဈေးကွက်ထဲရောက်ရှိပြီး ဖြစ်သော YotaPhone နှင့် YotaPhone 2 တို့ကဲ့သို့ မျက်နှာပြင်နှစ်ဖက် ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

Zero 2 ၏ အနောက်ဘက်တွင် E Ink Display ကို ဒုတိယမျက်နှာပြင်အဖြစ် ထည့်သွင်းထားပါသည်။ အဆိုပါ မျက်နှာပြင်သည် စွမ်းအင် အသုံးပြုမှုနည်းပါးပြီး စာဖတ်လျှင် ပိုမို ကောင်းမွန်မည် ဖြစ်သည်။

UMI က အခြား သတင်းအချက်အလက်များကို ကြေညာခြင်းမရှိသေးသော်လည်း ထွက်ပေါ်နေသော သတင်းများအရ Zero 2 တွင် 5.2” 1080p Display, MediaTek MT6752 Chipset, 3GB RAM, 16GB Storage, 13MP Rear Camera, 8MP Front Camera တပ်ဆင်ထားမည် ဖြစ်သည်။

Zero 2 ကို ဒေါ်လာ ငါးရာခန့်ဖြင့် ရောင်းချမည်ဟု မျှော်လင့်ရပါသည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download