7/16/2015

♪ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ သက်မွေး ပညာသင်တန်းများ အခမဲ့တက်ရောက်နိုင် ♫


စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင်  စင်ကာပူနိုင်ငံမှ အသိအမှတ်ပြုလက်မှတ်ရမည့် သင်တန်းများကို အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကျောင်းအား အသက်  ၁၆  နှစ်ပြည့်ပြီး  တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး ကျောင်းသားသစ်များအား ဇွန်လကုန်ပိုင်းတွင် စတင်လက်ခံလျက်ရှိသည်။

"လောလောဆယ်မှာတော့ တက်ရောက်ဖို့လျှောက်လွှာယူသွားတဲ့သူ ၁ဝဝဝ ကျော်လောက်ရှိနေပါ ပြီ။   ဖောင်ပြန်လာတင်တဲ့သူတွေလည်း တော်တော်များပါတယ်" ဟု ကျောင်းသားရေးရာဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

စင်ကာပူ- မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ဘာသာရပ်လေးမျိုးနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ ဘာသာရပ်ခြောက်မျိုး စုစုပေါင်း ဘာသာရပ် ၁ဝ မျိုးကို စင်ကာပူနိုင်ငံ ITE ကောလိပ်အသိအမှတ်ပြုသင်ရိုးများအတိုင်း လက် တွေ့ ကျွမ်းကျင်ရေးကို ဦးစားပေး၍ သင်ကြားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက စင်ကာပူနိုင်ငံ ITE ကောလိပ် နှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနတို့မှ အသိအမှတ်ပြုသည့် သက်မွေးပညာကျွမ်းကျင်လက်မှတ် (SM-VTLCertificate) ကိုပေးအပ်မည် ဖြစ်ကြောင်းသိရသည်။

စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးနှင့်ပတ်သက်သော သင်တန်းများကို စက်တင်ဘာ ၁၄ ရက်၊ ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ သင်တန်းများ ကို အောက်တိုဘာ ၂၆ ရက်များတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ ခြောက်လကြာမြင့်မည်ဖြစ်ကာ သင်တန်းများကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အချိန်ပြည့်တက်ရောက်ရမည်ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com