7/28/2015

♪ စမတ်ဖုန်းသုံးစွဲသူများအတွက် ခေါက်ဖုန်းတစ်မျိုးကို LG မိတ်ဆက် ♫


အီလက်ထရွန်နစ်ကုမ္ပဏီ LG သည် နောက်ဆုံးပေါ် Android operating system အသုံးပြုထားသော ခေါက်ဖုန်းသစ်တစ်မျိုးကို တောင်ကိုရီးယားတွင် မိတ်ဆက်ပေးခဲ့သည်။

LG Gentle ဟုခေါ်သော အဆိုပါ ခေါက်ဖုန်းတွင် လက်နှင်ထိတွေ့ အသုံးပြုနိုင်သော ၃.၂ လက်မ display ပါဝင်သည်။ ၎င်း display သည် 480 x 320 pixels ဖြင့် ဖော်ပြပေးနိုင်သည်။ အဆိုပါ ဟန်းဆက်တွင် 1.1GHz quad-core ပရိုဆက်ဆာနှင့်အတူ 1GB RAM, 4GB internal storeage, LTE အထောက်အပံ့နှင့် 1,700mAh ဘက်ထရီတို့ ပါဝင်သည်။ ကင်မရာမှာ 3-megapixel ဖြစ်သည်။

LG Gentle ကို Android 5.1 Lollipop ဖြင့် အသုံးပြုနိုင်ပြီး keypad နှင့် သေးငယ်သော display ဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် LG က interface ကို ပြောင်းလဲမှုအချို့ ပြုလုပ်ထားသည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၀ ဝန်းကျင်ခန့် ကျသင့်မည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ပြင်ပတွင် LG Gentle ကို ရောင်းချခြင်း ရှိ၊ မရှိအတွက် ကုမ္ပဏီမှ အတည်မပြုသေးသော်လည်း ၎င်းဟန်းဆက်ကို ဥရောပနှင့် အမေရိကန်တို့၌ ရောင်းချဖွယ်မရှိကြောင်း သိရသည်။

Ref: Android Authority
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com