7/27/2015

♪ ၂၀၁၅ အောက်တိုဘာမှာထွက်မယ့် Nexus 5 ရဲ့ နောက်ထွက် ဗားရှင်း ♫

bullhead

Nexus ဖုန်းတွေထဲမှာ အောင်မြင်မှု ရရှိတဲ့ Nexus 5 ကို သိကြမှာပါ။ LG နဲ့ထုတ်လုပ်ထားပြီး နောက်ထပ် ထွက်မယ့် Nexus ဟာ Huawei နဲ့ ထွက်မယ်လို့ သတင်းထွက်တာလည်း လူတိုင်းသိပါလိမ့်မယ်။ LG နဲ့လည်း ထွက်ရှိ အုံးမှာပါ။ Nexus 5 ရဲ့ အောင်မြင်မှုကြောင့် LG ဟာ နောက်ထပ် Nexus ဗားရှင်းကို အဓိက ထုတ်လုပ်ဖို့ အရွေးမခံရသည့်တိုင် second edition ထုတ်ဖို့ Google နဲ့ သဘောတူညီမှု ရရှိပါတယ်။ Product အမည်ကတော့ Nexus Bullhead ဖြစ်ပါတယ်။


မျက်နှာပြင်အရွယ် ၅.၂ လက်မ ရှိတဲ့ Full HD Display ကို အသုံးပြုပါမယ်။ RAM 3 GB, Processor က LG G4 က Processor ကို အသုံးပြုပြီး ကင်မရာက 13 Megapixel ရှိပါတယ်။ Internal Storage က 16GB နဲ့ 32GB ဆိုပြီးတော့ ထွက်ရှိမှာပါ။ MicroSD ကဒ်ထည့်လို့ မရပါဘူး။ ဒီတော့ 64GB လည်း ထွက်နိုင်ချေ ရှိပါတယ်။ Android M ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ အပြင် အခွံအနေနဲ့ ကောကိုပဲ သုံးမလား အလူမီနီယံ ဖြစ်မလားဆိုတာကတော့ သေချာ သတင်းမထွက်သေး ပါဘူး။ ရှေ့ကင်မရာကတော့ 5MP ပါ။

LG နဲ့ ထုတ်တာကြောင့် သေချာပေါက် LG ရဲ့ Display ကောင်းများ အသုံးပြုပြီး 564 ppi ရှိမယ်လို့တောင် ခန့်မှန်းထားကြ ပါတယ်။ အသေးစိတ် သတင်းထွက်ရှိလာရင် ပြန်တင်ပေးပါမယ်။
.
Ref: Pocketlint
အောင်ခမ်း (MMAS)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com