7/28/2015

♪ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပြည်တွင်း၌ Facebook Account အသစ်ဖွင့်နှုန်းများ မြင့်တက်လာ ♫


ရွေးကောက်ပွဲကျင်းပရန်အချိန် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို အင်တာနက်ပေါ်ရှိ လူမှုကွန်ရက်များ၌ ဖတ်ရှုနှုန်းများသည်လည်း မြင့်တက်လာလျက် ရှိနေသည်။

တစ်ချိန်တည်းမှာပင် ပြည်တွင်း၏ Facebook လူမှုကွန်ရက် အသုံးပြုနှုန်းသည် တစ်ရက်လျှင် account အသစ် အသုံးပြုသူ ၇ သောင်းဝန်းကျင်အထိ မြင့်တက်လာလျက်ရှိသည်။

မြန်မာနိုင်ငံ၏ Facebook လူမှုကွန်ရက် အသုံးပြုနှုန်းသည် တစ်ရက်လျှင် ပျမ်းမျှ account အသစ် ၇ သောင်း နီးပါး တက်လျက်ရှိကြောင်း Amara Digital Marketing Agency ၏ အွန်လိုင်းပေါ်မှ ကောက်ယူထားသော စစ်တမ်းအရသိရသည်။

ပြည်တွင်း၌ Facebook လူမှုကွန်ရက် အသုံးပြုနှုန်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ၄.၇ သန်းရှိခဲ့ရာမှ ယခုလက်ရှိ အချိန်တွင် ၅.၂ သန်းကျော်ရှိသွားပြီဖြစ်သည်။

ရက်သတ္တပတ် တစ်ပတ်အတွင်း ပြည်တွင်း၌ Facebook အသုံးပြုသူ ၅ သိန်းအထိ တက်လာခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏတွင် ရန်ကုန်မြို့တွင်း အသုံးပြုသည့် account အသစ် အရေအတွက်မှာ ၃ သိန်းရှိပြီး ကျန် ၂ သိန်းမှာ နယ်မြို့များမှ ဖြစ်သည်။

ထို့ကြောင့် နယ်မြို့များတွင် မိုဘိုင်းအင်တာနက် အသုံးပြုနှုန်း မြင့်တက်လာနိုင်ခြင်း ဖြစ်နိုင်ကြောင်းနှင့် ယခုနောက်ပိုင်း Lock ကျသည့် account များ အများအပြားရှိလာခြင်းနှင့်လည်း သက်ဆိုင်နိုင်ကြောင်း Amara Digital Marketing Agency ၏ အမှုဆောင်အရာရှိချုပ် မချမ်းမြေ့ခိုင်က သုံးသပ်ပြောကြားသည်။
 
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com