7/30/2015

လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ ဒီပလိုမာ နေ့သင်တန်းသားများခေါ်ယူ



၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၀/၁၅) နေ့သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁၀ ရက်မှ စတင်ကာ ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းကာလမှာ ၂ နှစ်ဖြစ်သည်။

သင်တန်းသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် အသက် ၂၄ နှစ်ထက်မကြီးသူများ၊ မည်သည့်ပညာရေးကောလိပ်တွင် မဆို တက်ရောက်နိုင်သူများလျှောက် ထားနိုင်မည်ဖြစ်သည်။ လျှောက် လွှာနှင့်အတူ တက္ကသိုလ်ဝင်စာ မေးပွဲရမှတ်စာရင်းမိတ္တူ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူနှင့် ၆ လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၂ ပုံ ပူးတွဲတင်ပြရမည်ဖြစ်သည်။

လျှောက်လွှာများကို မြို့နယ် ပညာရေးမှူးရုံးများတွင် ရယူနိုင်ပြီး စက်တင်ဘာလ ၂၁ ရက် နောက်ဆုံးထားကာ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးသို့ ပေးပို့လျှောက် ထားရမည်ဖြစ်သည်။

Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download