7/25/2015

♪ ဈေးနှုန်းသက်သာသည့် - Cherry Mobile One ♫


Cherry Mobile One
Device Support - Cherry Mobile
Price   - 109,000 Ks


အားသာချက်
တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် Cherry Mobile ရဲ့ ပထမဆုံး Google နဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် အွန်လိုင်းအသုံးပြု Google Service တွေကို ပြည့်ပြည့်စုံစုံ မြင်တွေ့အသုံးပြု နိုင်ပါတယ်။ OS Version မြင့်မားတဲ့ တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး CPU ပိုင်းမှာလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။

အားနည်းချက်
ဇော်ဂျီဖောင့်စနစ် မပါဝင်တဲ့အတွက် Facebook နဲ့ ဖုန်း Message တွေကို အသုံးပြုဖို့ ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်ကို သီးသန့်ပြန်လည် ထည့်သွင်းရပါ လိမ့်မယ်။

ကွန်ရက်
GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပြီး Micro Sim နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစားပါ။

ဒီဇိုင်း
ပုံစံဒီဇိုင်း ပိုင်းကတော့ လေးထောင့်ဆန်ဆန် ပုံစံမျိုးရှိပြီး အရွယ်အစားကလည်း လက်ထဲမှာ ကိုင်တွယ်ဖို့ အနေတော် အရွယ်အစားလို့ ဆိုရမှာပါ။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို ပလတ်စတစ် ကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး နောက်ဘက် ကာဗာကတော့ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ကာဗာအရှင်ပါ။ နောက်ဘက် ကာဗာဟာဖုန်းရဲ့ ဘေးဘောင်တွေထိ ဖုံးအုပ်ထားတဲ့ ခွက်ပုံစံမျိုးရှိနေပေမယ့် ကာဗာဖြုတ်တပ် ပြုလုပ်ရာမှာ မခက်ခဲပါဘူး။ ဖုန်းတစ်ခုလုံးရဲ့အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၃.၂၈ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်ကတော့ ၆.၆၅ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၉ စင်တီမီတာ ရှိပါတယ်။ အလေးချိန်ကတော့ ၁၃၀ ဂရမ်ဖြစ်တဲ့အတွက် အလေးချိန် ပေါ့ပါးတယ်လို့ ဆိုရမယ့်ဖုန်း အမျိုးအစားပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၄.၅ လက်မရှိပြီး FWVGA Screen ကိုအသုံးပြု ထားတာဖြစ်ပါတယ်။

နည်းပညာ
Google နဲ့စာချုပ် ပြုလုပ်ထားတဲ့ ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် Google ဝန်ဆောင်မှုတွေဖြစ်တဲ့ Google Map, Google Play, Youtube အစရှိတဲ့ စနစ်တွေကိုတော့ စုံစုံလင်လင် အသုံးပြုနိုင် ပါလိမ့်မယ်။ ကင်မရာ ပိုင်းမှာတော့ ဓာတ်ပုံကို ၃၆၀ ဒီဂရီ တစ်ပတ်လှည့်ပြီး ရိုက်နိုင်မယ့် Photo Sphere ဆိုတဲ့ စနစ်ပါဝင်သလို၊ ဓာတ်ပုံရိုက်ချိန်မှာ ရှေ့ကလူကို Focus ပြုလုပ်ထားပြီး နောက်ခံ Background ကို Blur လုပ်ထားနိုင်မယ့် Lens Blur ဆိုတဲ့ စနစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်းမှာဘာသာစကားပေါင်း ၉၀ ကျော်ကို အပြန်အလှန်ဘာသာပြန်ပေးနိုင်မယ့် Google Translate စနစ်ပါဝင်ပါတယ်။ ဒီစနစ်ကို အသုံးပြုဖို့အတွက် အင်တာနက်တော့ လိုအပ်ပါလိမ့်မယ်။ Google ရဲ့ဝန်ဆောင်မှုတွေ အစုံအလင်ပါရှိတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်တဲ့အတွက် အွန်လိုင်းအသုံးပြု ဖုန်းအမျိုးအစား တစ်ခုလို့ ဆိုနိုင်ပါတယ်။

အသေးစိတ် ဖော်ပြချက်
Quad-core 1.3 GHz CPU ကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ်စနစ် အတွက်တော့ သီးသန့် Graphic GPU ကိုထည့်သွင်း ပေးထားတာ မတွေ့ရပါဘူး။ ဖုန်းရဲ့ Board မှာပါဝင်တဲ့ Onboard Graphic စနစ်နဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ OS ကတော့ Android OS Version 5.1 ကိုအသုံးပြု ထားတာပါ။ နောက်ဘက် ကင်မရာဟာ 5 Megapixel ရှိပြီး ရှေ့ကင်မရာကတော့ 2 Megapixel ရှိပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ်ထပ်တိုး အသုံးပြုဖို့အတွက် Micro SD ကို 64GB ထိထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Bluetooth v4.0, A2DP စနစ်ဖြစ်ပြီး ဘက်ထရီကတော့ Li-Ion 1780 mAh ဘက်ထရီကို အသုံးပြုထားတာပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းမှာအသုံးပြုထားတဲ့ CPU ဟာကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းအသုံးပြု စနစ်တွေမှာလည်း Google ရဲ့ဝန်ဆောင်မှုတွေကို အပြည့်အဝ အသုံးပြုနိုင်တဲ့အတွက် ဒါကလည်း အွန်လိုင်း အသုံးပြုသူတွေအတွက် စိတ်ကျေနပ်စရာပါပဲ။ ဇော်ဂျီစနစ် မပါဝင်လာတာတဲ့အတွက် ပြန်လည် ထည့်သွင်း အသုံးပြု ရပါလိမ့်မယ်။


Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com