7/29/2015

♪ Panasonic က 4K Video များကို ရိုက်ကူးနိုင်သည့် GX8 ကင်မရာကို ပြသ ♫

1

Panasonic က 4K Mirrorless Camera အသစ်တစ်လုံးဖြစ်သည့် GX8 ကို မိတ်ဆက်လိုက် ပါသည်။ ဒေါ်လာ ၁၁၀၀ တန်ကြေးရှိပြီး လွန်ခဲ့သော လအနည်းငယ်က ကြေညာခဲ့သော ဒေါ်လာ ၈၀၀ တန် G7 ထက် ဈေးနှုန်းများပြားပါသည်။

20.3 Megapixel Lens တပ်ဆင်ထားသော GX8 သည် ရေစက်ရေပေါက်နှင့် ဖုန်မှုန့်များ၏ ဒဏ်ကို ခံနိုင်ပါသည်။ ကင်မရာသည် တစ်ခုတည်းသော Autofocus Mode ဖြင့် အဆက်မပြတ် ဓါတ်ပုံများ ရိုက်ကူးရာတွင် တစ်စက္ကန့်လျှင် ၈ ဖရိမ်နှုန်းဖြင့် ရိုက်ကူးနိုင်ပြီး အဆက်မပြတ် Autofocus Mode တွင် တစ်စက္ကန့်လျှင် ၆ ဖရိမ်နှုန်းဖြင့် ရိုက်ကူးနိုင်ပါသည်။

GX8 တွင် တုန်ခါမှုများကို လျှော့ချနိုင်ပြီး လက်ဖြင့် ကိုင်တွယ်ရိုက်ကူးရာတွင် ကောင်းမွန်စေသော Dual I.S ဟု ခေါ်သည့် ခန္တာကိုယ်နှင့် Lens တည်ငြိမ်စေသည့် နည်းပညာပါရှိပါသည်။ 4K Video များကို 3840×2160 Resolution ဖြင့် ရိုက်ကူးနိုင်ပါသည်။ ဗီဒီယိုများမှ ရုပ်သေ ဓါတ်ပုံများကို 8MP နှုန်းဖြင့် ရယူနိုင်ပါသည်။

အနောက်ဘက်တွင် ၁၈၀ ဒီဂရီ အပေါ်ထောင်နိုင်ပြီး ၂၅၀ ဒီဂရီ စောင်းနိုင်သော ၃ လက်မ ထိတွေ့မျက်နှာပြင် ပါရှိပါသည်။ ခေတ်သစ်ကင်မရာများကဲ့သို့ပင် GX7 တွင် WiFi, NFC ပါရှိပြီး စမတ်ဖုန်း ၊ တက်ဘလက်များနှင့် ချိတ်ဆက်နိုင်ပါသည်။

GX8 ကို သြဂုတ်လလယ်တွင် ရောင်းချမည် ဖြစ်ပြီး အနက်နှင့် ငွေရောင်များ ထုတ်လုပ်ပေးထားပါသည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com