7/30/2015

♪ Facebook က Video Uploader တွင် စွမ်းဆောင်ချက်အသစ်များထည့်သွင်းပေး ♫

http://pad3.whstatic.com/images/thumb/e/e7/Upload-a-Video-on-Facebook-Step-3.jpg/670px-Upload-a-Video-on-Facebook-Step-3.jpg

Facebook က Page Admin များအတွက် Video Uploaderတွင် စွမ်းဆောင်ချက်အသစ်များထည့် သွင်းပေးလိုက်ပါတယ်။

Admin များအနေဖြင့် တိုက်ရိုက် URL မှနေ၍သာဗီဒီယိုကို ကြည့်ရှုနိုင်တဲ့ YouTube ရဲ့ Unlisted စွမ်းဆောင်ချက်နဲ့ ဆင်တူတဲ့ Secret Video များကိုပို့စ်တင်နိုင်ပါပြီ။ ထို့အတွက် ဗီဒီယိုများကို Private အနေနဲ့ မျှဝေနိုင်မှာ ဖြစ်ပါတယ်။

Admin များအနေနဲ့ Audience များကိုအသက်အရွယ်နဲ့ ကျား၊မတို့ဖြင့် ကန့်သတ်နိုင်ပါတယ်။ ကိုယ်ပိုင် Thumbnails များကိုလည်းထည့်သွင်းနိုင်ပါတယ်။ Entertainment , News စသဖြင့် ကဏ္ဍများကို ထည့်သွင်းနိုင်ပါပြီ။ အခြားလူများကဗီဒီယိုများကို Embed လုပ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

Facebook က Page ပိုင်ရှင်များအတွက် Video Library ကိုမိတ်ဆက်လိုက်ပြီး ဗီဒီယိုအားလုံးကို တစ်နေရာတည်းကနေစီမံခန့်ခွဲနိုင်ပါတယ်။ ဗီဒီယိုများစွာကိုတစ်ပြိုင်နက် ရွေးချယ်ပြီး Modify လုပ်နိုင်ပါ တယ်။


Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com