7/28/2015

♪ OxygenOS အသုံးပြုထားသော OnePlus 2 ကို အိန္ဒိယတွင် စတင်မိတ်ဆက် ♫


တရုတ်ဟန်းဆက်ကုမ္ပဏီ OnePlus သည် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ဟန်းဆက်ဖြစ်သော OnePlus 2 ကို ကမ္ဘာ့ပထမဦးဆုံး VR ပွဲတွင် မိတ်ဆက်ပေးခဲ့သည်။

OnePlus 2 ကို 16GB, 64GB အမျိုးအစားဖြင့် ရရှိနိုင်ပြီး တန်ဖိုးမှာ ရူပီး ၂၂,၉၉၉ နှင့် ရူပီး ၂၄,၉၉၉ ဖြစ်သည်။

၎င်းစမတ်ဖုန်းတွင် ၅.၅ လက်မ full HD (1920x1080p) IPS LCD In-Cell display ပါဝင်ပြီး နောက်ဆုံးပေါ် Android Lollipop 5.1 ကို အခြေခံထားသည့် OxygenOS ကို အသုံးပြုထားသည်။ OnePlus 2 သည် OnePlus ၏ ကိုယ်ပိုင် operating system ဖြစ်သော OxygenOS နှင့်အတူ တင်ပို့ရောင်းချသည့် ပထမဦးဆုံးထုတ်ကုန် ဖြစ်သည်။

အဆိုပါ dual-sim စမတ်ဖုန်းတွင် လက်ရှိဈေးကွက်တွင် အလျင်မြန်ဆုံး ပရိုဆက်ဆာဖြစ်သော 64-bit Qualcomm Snapdragon 810 SoC ကို အသုံးပြုထားသည်။ 16GB ကို 3GB RAM ဖြင့်လည်းကောင်း၊ 64GB ကို 4GB RAM ဖြင့်လည်းကောင်း ရရှိမည် ဖြစ်သည်။

ထို့အပြင် 13MP ကျောဘက်ကင်မရာနှင့်အတူ 1.3-micron sensor, laser autofocus, dual-LED flash, f/2.0 aperture, optical image stabilization တို့ကို ထောက်ပံ့ပေးထားသည်။ အရှေ့ဘက်ကင်မရာမှာ 5MP ဖြစ်သည်။
ဖုန်း၏ ဘက်ထရီမှာ 3,300mAh ဖြစ်ပြီး မူရင်းအမျိုးအစား၏ 3,100mAh ဘက်ထရီထက် ၁၀ ရာခိုင်နှုန်းခန့် ကြီးမားသည်။ ၎င်းတွင်ပါဝင်သည့် လက်ဗွေဖတ်စနစ်သည် iPhone TouchID ထက် ပိုမိုလျင်မြန်ပြီး လက်ဗွေ ငါးခုအထိ သိမ်းဆည်းနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ထို့အပြင် USB Type-C connector ကို ထောက်ပံ့ပေးထားသောကြောင့် ဖုန်းတွင် USB cable တပ်ဆင်သည့်အခါ ဘက်ရွေးပြီး တပ်ဆင်ရန် မလိုအပ်တော့ပေ။ OnePlus 2 တွင် ပါဝင်သော Type-C port သည် အချက်အလက် လွှဲပြောင်းမှု အမြန်နှုန်း 10Gbps အထိ ထောက်ပံ့ပေးနိုင်ပြီး စမတ်ဖုန်းကို အားသွင်းရာတွင်လည်း လျင်မြန်စေမည်ဟု ဆိုသည်။

ကြိုးမဲ့စနစ်အနေဖြင့် 4G, 3G, Wi-Fi, Bluetooth နှင့် A-GPS တို့ဖြင့် အသုံးပြုနိုင်သည်။ ဖုန်း၏ ကျောဘက်ကာဗာကိုလည်း နှစ်သက်ရာ ရွေးချယ်တပ်ဆင်နိုင်ရန်အတွက် Bamboo, Black Apricot, Rosewood နှင့် Kevlar စသော StyleSwap ကာဗာများအဖြစ် ထောက်ပံ့ပေးထားသည်။

64GB OnePlus 2 ကို သြဂုတ်လ ၁၁ ရက်မှစတင်ကာ ကြိုတင်မှာယူရန် ဖိတ်ကြားခံရသောသူများက Amazon India ပေါ်တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။ 3GB LPPDR4 RAM ပါဝင်သော 16GB OnePlus 2 ကိုမူ ယခုနှစ်ကုန်ပိုင်းတွင် ရရှိနိုင်မည်ဟု သိရသည်။

Ref: Times of India
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com