7/16/2015

Samsung ၏ အပါးလွှာဆုံး စမတ်ဖုန်းကို တရုတ်နိုင်ငံတွင် စတင်ရောင်းချ



Samsung သည် ကုမ္ပဏီ၏ အပါးလွှာဆုံး စမတ်ဖုန်းဖြစ်သော Galaxy A8 ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချခဲ့သည်။


အထူ ၀.၂၃ လက်မ (၅.၉ မီလီမီတာ) သာရှိသည့် Galaxy A8 ၏ အလေးချိန်သည် ၅.၃ အောင်စ (၁၅၁ ဂရမ်) သာရှိသည်။ ၎င်းဖုန်းကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ၅.၇ လက်မ 1920x1080 pixel OLED screen ကို အသုံးပြုထားသည်။

၎င်းစမတ်ဖုန်းသည် အလွန်ပါးလွှာသလို ပါဝင်သည့် feature များကလည်း သုံးစွဲသူများကို ဆွဲဆောင်မှုရှိသည်။ Galaxy A8 တွင် 1GHz eight-core Qualcomm Snapdragon 615 ပရိုဆက်ဆာ၊ ကျောဘက်တွင် 16-megapixel ကင်မရာနှင့် အရှေ့ဘက်တွင် 5-megapixel ကင်မရာတို့ကို အသုံးပြုထားသည်။ RAM ပမာဏ 2GB ဖြစ်ပြီး သိုလှောင်မှုပမာဏမှာ 16GB ဖြစ်သည်။ အခြား feature များတွင် fingerprint sensor, hand-wave detector စသည်တို့ ပါဝင်သည်။ ဘက်ထရီမှာ 3,050mAh ဖြစ်သည်။

128GB အထိ သိုလှောင်သိမ်းဆည်းနိုင်မည့် microSD card slot အပြင် 802.11 a/b/g/n, GPS, NFC (near-field communications), Bluetooth 4.1 နှင့် 4G LTE တို့ကိုလည်း ထောက်ပံ့ပေးထားသည်။ အဆိုပါ ဖုန်းကို အနက်၊ အဖြူ၊ ရွှေရောင်တို့ဖြင့် ရရှိနိုင်သည်။

Galaxy A8 ကို တရုတ်နိုင်ငံတွင် ၃,၁၉၉ ယွမ် (၅၁၅ ဒေါ်လာ) ဖြင့် စတင်ရောင်းချလျက်ရှိသည်။ အမေရိကန်နှင့် ဥရောပတွင် ရောင်းချမည့် အချိန်နှင့် ပတ်သက်၍ Samsung မှ ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။


Ref: CNET

Credit to==>internetjournal



Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download