7/27/2015

♪ Samsung က သူ၏ အပါးလွှာဆုံး Galaxy A8 စမတ်ဖုန်းကို မိတ်ဆက် ♫

1

Samsung က သူ၏ တရုတ် ၀က်ဆိုက်တွင် Galaxy A8 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီး Samsung ထုတ်လုပ်ခဲ့ပြီးသမျှ စမတ်ဖုန်းအားလုံးထဲတွင် အပါးလွှာဆုံး ဖြစ်ပါသည်။

Samsung Galaxy A8 တွင် သတ္တုကိုယ်ထည်တပ်ဆင်ထားပြီး A Series များတွင် အသုံးပြုလေ့ရှိသည့် အလူမီနီယမ် အနောက်ကာဗာကို ထည့်သွင်းထားပါသည်။ အထူမှာ ၅.၉ မီလီမီတာ ဖြစ်ပြီး ၅.၇ လက်မ Full HD Super AMOLED Display တပ်ဆင်ထားပါသည်။

စွမ်းဆောင်ရည်သင့် Qualcomm Snapdragon 615 Chipset က မောင်းနှင်မည် ဖြစ်ပြီး 2GB RAM, 16 or 32GB Storage, microSD Card Slot ထည့်သွင်းထားပါသည်။ SIM Slot နှစ်ခုပါသော်လည်း microSD Card Slot နှင့် SIM Slot တစ်ခုကို ပူးတွဲ အသုံးပြုထားပါသည်။ ထို့အတွက် microSD Card ထည့်သွင်းထားလျှင် SIM တစ်ခုသာ အသုံးပြုနိုင်မည် ဖြစ်သည်။

Samsung Galaxy A8 တွင် 4G LTE, Dual-Band WiFi, Bluetooth 4.1, GPS with Glonass , Beidou , NFC ဆက်သွယ်မှုများ ပါရှိပါသည်။ အနောက်ဘက်တွင် Optical Image Stabilization နည်းပညာပါသော 16MP Camera တပ်ဆင်ထားပါသည်။

A8 တွင် လက်ဗွေရာ ဖတ်ရှုသည့် ကိရိယာပါရှိပါသည်။ 3050mAh Battery ပါရှိပြီး Standby အသုံးပြုလျှင် ၃၀၄ နာရီကြာမြင့်ပါသည်။ အဖြူ၊ အနက်နှင့် ရွှေရောင်များ ရွေးချယ်နိုင်ပါသည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com