7/29/2015

♪ OnePlus Two ထိပ်တန်း Flagship Killer စမတ်ဖုန်းမိတ်ဆက် ♫


တရုတ်နိုင်ငံအခြေစိုက်ပြီး ၎င်းတို့ထုတ်လုပ်သောစမတ်ဖုန်းများမှာ ထိပ်တန်း အဆင့်မြင့် ဖုန်းများဖြစ် သကဲ့သို့ ဈေးနူန်းလည်းသက်သာသည်။OnePlus စမတ်ဖုန်း ဝယ်ယူလိုသူသည် ယင်းစမတ်ဖုန်း အသုံးပြုသူတစ်ဦးမှ Invite ဖိတ်ခေါ်စာရရှိမှဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။ OnePlus Two ၏မျက်နှာပြင် အကျယ် 5.5 inchs (1080×1920 pixels, 401 ppi pixel density) FullHD အမျိုးအစား ဖြစ်ပြီး Corning Gorilla Glass 4 ဖြင့် ဖုံးအုပ်ထားသည်။


CPU ကို Qualcomm Snapdragon 810 MSM8994 ကိုအသုံးပြုထားပြီး အပူချိန်မြှင့်တက်ခြင်းမျိုး မဖြစ်ပွားအောင်ပြောင်းလဲပြင်ဆင်ထုတ်လုပ်ထားသော 810 Version ဖြစ်သည်။ RAM နှင့် Memory ကို Version နှစ်မျိုးထုတ်လုပ်ပြီး 3GB-16GB ,4GB-64GB version များဖြစ်ကြသည်။ microSD မပာဝင် သဖြင့်memory ထပ်မံတိုးမြင့် အသုံးပြုနိုင်မည်မဟုတ်ပေ ။


Primary Main Camera ကို 13 MP နှင့် Secondary Font Facing Camera ကို 5MP တပ်ဆင်ထားပြီး FullHd နှင့် 2K Video များကောင်းစွာရိုက်ကူးနိုင်သည်။ Home Button တွင် Fingerprint Scanner တပ်ဆင်ထားပြီး Dual-Sim အမျိုးအစား ဖြစ်သည်။3300 mAh Battery တပ်ဆင်ထားသည်။

USB Type C ကိုအသုံးပြုထားပြီး Android 5.1 Oxygen OS ဖြင့်စတင်အသုံးပြုနိုင်မည်ဖြစ် သည်။ဈေးနူန်းကို 16GB အတွက် US $ 329 နှင့် 64 GB အတွက် $389 သတ်မှတ် ထားသည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com