7/24/2015

♪ Google Inbox က သင့်ကိုယ်သင် အီးမေးပေးပို့မှုကို သိရှိလျှင် Reminder ပြုလုပ်ရန် အကြံပေးနိုင် ♫

4

အင်တာနက်တွင် ဆောင်းပါးတစ်ခုကို နောက်မှ ဖတ်ရန် သိမ်းဆည်းနိုင်သည့် နည်းလမ်းတစ်ခုက မိမိထံသို့ မိမိကိုယ်တိုင် အီးမေး ပေးပို့ခြင်း ဖြစ်ပါသည်။ ထို့အပြင် လုပ်ရန်ရှိသော အလုပ်များ၊ ဖိုင်များနှင့် အခြား မှတ်သားစရာများကို သိမ်းဆည်းရန် မိမိထံသို့ မိမိကိုယ်တိုင် အီးမေးပေးပို့နိုင်ပါသည်။

Google ၏ Email App တစ်ခုဖြစ်သော Inbox တွင် Reminder ပြုလုပ်နိုင်သော စွမ်းဆောင်ချက် ပါရှိသည့်အတွက် Gmail ထက်ပိုကောင်းသော အားသာချက်တစ်ခု ဖြစ်ပါသည်။ Inbox ကို အသုံးပြုလျှင် မှတ်သားစရာများကို မိမိထံ မိမိ အီးမေးပို့ရန် မလိုဘဲ Reminder ပြုလုပ်နိုင်ပါသည်။

Inbox က မိမိထံသို့ မိမိကိုယ်တိုင် ပေးပို့သော အီးမေးများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး Reminder ပြုလုပ်ရန် အကြံပေးမည် ဖြစ်သည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com