7/28/2015

♪ ဖုန်းအား ကြိုးမဲ့သွင်းနိုင်တဲ့ မော်နီတာကို Samsung က ထုတ်လုပ် ♫

samsung1

SE370 လို့ အမည်ရတဲ့ မော်နီတာ အမျိုးအစား အသစ်ကို Samsung မှ မိတ်ဆက်ခဲ့ပါတယ်။ သူ့ထူးခြားချက် အနေနဲ့ကတော့ ဖုန်းများကို ကြိုးမဲ့ အားသွင်းနိုင်ပြီး ကမ္ဘာ့ပထမဆုံး ကြိုးမဲ့ ဖုန်းအား သွင်းနိုင်တဲ့ မော်နီတာလို့ ဆိုထားပါတယ်။


မော်နီတာရဲ့ အောက်ခြေပြားမှာ ဖုန်းတွေကို ကြိုးမဲ့ အားသွင်းရန် တင်ရန် အဝိုင်းပြားလေး ရှိပါတယ်။ အဲ့ဒီအပေါ် တင်ရုံ ပါပဲ။ ဘယ်လိုဖုန်းတွေ သွင်းလို့ ရသလဲဆို ကြိုးမဲ့ အားသွင်းလို့ ရအောင် ဖန်တီးထုတ်လုပ်ထားတဲ့ ဘယ် စမတ်ဖုန်း များနဲ့မဆို အဆင်ပြေမှာ ဖြစ်ပါတယ်။ ပုံမှာပြထားချက် အရကတော့ Samsung Galaxy S6 ဖြင့် စမ်းသပ်ပြသထားခြင်း ဖြစ်ပါတယ်။ Samsung အနေနဲ့ စမတ်ဖုန်း အသစ်များ ထုတ်တဲ့အခါ flagship များက ကြိုးမဲ့ အားသွင်းနိုင်မှာ ဖြစ်တာကြောင့် ယင်းအတွက် ရည်ရွယ်တာလည်း ပါဝင် ပါတယ်။ ပြီးတော့ စမတ်ဖုန်း ကုမ္ဗဏီများ အနေနဲ့လည်း ဖုန်းကို ကြိုးမဲ့ သွင်းလို့ ရလာအောင် ကြိုးစား ဖန်တီးနေကြပြီမို့ ဖြစ်ပါတယ်။

မော်နီတာဟာ ၂၃.၆ သို့မဟုတ် ၂၇ လက်မ ရှိပါတယ်။ 178 degree view ရတဲ့ PLS panel ကို အသုံးပြုထားခြင်း ကြောင့် အဆင့်မြင့် မော်နီတာ တစ်မျိုး ဖြစ်ပြီး ဈေးနှုးနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မကြေညာသေး ပါဘူး။
.
Ref: pocketlint
အောင်ခမ်း (MMAS)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com