ZTE က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအသစ်တစ်လုံးဖြစ်သော Axon ကို အမေရိကန်တွင် ဒေါ်လာ ၄၄၉.၉၈ ဖြင့် ရောင်းချပေးလိုက်ပါသည်။
Credit to ==>Myanmar Digital Life Journal
Axon တွင် ၅.၅ လက်မ QHD LCD Display , 4GB RAM, 32GB Storage
တပ်ဆင်ထားသည့်အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။ 4K Video
များရိုက်ကူးနိုင်သော 13 + 2MP Camera နှစ်လုံးကို အနောက်ဘက်တွင်
တပ်ဆင်ထားပြီး အရှေ့ဘက်တွင် 8MP Selfie Camera ပါရှိပါသည်။ အနောက်ဘက်
Dual-Camera သည် HTC One M8 ၏ နည်းပညာနှင့် တူညီပါသည်။
2GHz Octa-Core CPU ပါသော Qualcomm Snapdragon 810 SoC မောင်းနှင်မည် ဖြစ်သည်။ 3000mAh Battery ကို အသေတပ်ဆင်ထားပြီး လျှင်မြန်စွာ အားသွင်းနိုင်သော နည်းပညာပါရှိပါသည်။ Android 5.1.1 Lollipop (Stock Version ) မောင်းနှင်မည် ဖြစ်သည်။
သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး 4G LTE ကို ထောက်ပံ့ပါသည်။ ရွှေရောင်၊ ငွေရောင်၊ အပြာရောင်များ ထုတ်လုပ်ပေးထားပါသည်။