7/28/2015

♪ iPhone 6S ရှေ့ဘက်အခြမ်းဓာတ်ပုံများ ထွက်ရှိ ♫

iphone6sleak1


iphone6slead3     iphone6sleak1    iphone6sleak2

iphone6sleak4     iphone6sleak5

တရုတ်ပြည်မှာ iPhone များကို ထုတ်လုပ်ပေးလျက်ရှိတဲ့ စက်ရုံ တစ်ရုံမှ ဓာတ်ပုံများ ထွက်ရှိလာခြင်းဖြစ် ပါတယ်။ အားလုံး မြင်ကြတဲ့အတိုင်းပဲ ဒီဇိုင်းဘက်မှာ ပြောင်းလဲခြင်း မရှိပါဘူး။

အမည်ကိုတော့ iPhone 6S နဲ့ အကြီးဗားရှင်းကို iPhone 6S Plus ဆိုပြီးတော့ ပေးထား ပါတယ်။ S လို့ထည့်တဲ့ သဘောတရားက iPhone မှာဆိုရင် အတွင်း နည်းပညာများကို အဓိကထား upgrade လုပ်ခြင်း ဖြစ်ပါတယ်။ အထူးခြားဆုံး ပြောင်းလဲမှုထဲမှာ ForceTouch ပါဝင်ပါတယ်။

Touch လုပ်တဲ့ အား အနည်းအများပေါ် မူတည်ပြီး အသုံးဝင်မှု funtion များစွာ ပါဝင်လာပါတယ်။ RAM 2GB ပါဝင်ပြီး A9 Chip ကို အသုံးပြုထားပါမယ်။ ကင်မရာ 12 Megapixel ပါဝင်ပြီး အရှေ့ကတော့ 5 Megapixel ရှိပါတယ်။

iPhone 6S က ၄.၇ လက်မ ရှိပြီး 6S Plus က ၅.၅ လက်မပဲ ဖြစ်ပါတယ်။ iPhone 6S နဲ့ 6S Plus ကို နောက် နှစ်လလောက်မှာ တရားဝင် မိတ်ဆက် ပြသတော့မှာ ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com