7/28/2015

♪ HTC One E9+ ရဲ့ အားသာချက် အားနည်းချက် နည်းပညာ နှင့် အသေးစိတ်ဖော်ပြချက်များ ♫


Device Support - HTC
Price - 579,000 Ks
အားသာချက်
ဖုန်းတွင်ဖွဲ့စည်း တည်ဆောက်ထားသော CUP, GPU အစရှိသည့် Hardware စနစ်ပိုင်းများ မြင့်မားကောင်းမွန်သည့်အပြင် ကင်မရာ ပိုင်းတွင်လည်း Mega Pixel မြင့်မားသော ကင်မရာကို အသုံးပြုထားသည်။ အသံစနစ်ပိုင်းတွင်လည်း ပုံမှန်ပါဝင်နေကျ Boom Sound စနစ်အား Dolby Audio Surround နှင့်အတူ တွဲဖက်၍ အဆင့်မြှင့်တင် ပေါင်းစပ်ပေးထားပြီး ကောင်းမွန်သော မြန်မာစာဖောင့်နှင့် ကီးဘုတ်စနစ်များ ပါဝင်လာသည်။

အားနည်းချက်
Sim Card Slot များတွင် Sim Card ထည့်သွင်း အသုံးပြုရန်အတွက် ပါဝင်သော Card Connector များမှာ ပါးလွှာသော ပလတ်စတစ် Connector များဖြစ်ခြင်းကြောင့် ထုတ်သွင်းပြုလုပ်ချိန်တွင် အလွယ်တကူ ကျိုးပဲ့ခြင်းမဖြစ်စေရန်အတွက် ဂရုစိုက်ရန် လိုအပ်သည်။

ဒီဇီုင်း
ပုံစံဒီဇိုင်းမှာ လေးထောင့်ဆန်သော ပုံစံမျိုးရှိနေပြီး ရှေ့ကထွက်ခဲ့သော E8 နှင့်ပုံစံချင်း လုံးဝကွဲပြား ခြားနားလျက်ရှိသည်။ HTC ၏ဒီဇိုင်းသစ် ဖုန်းအမျိုးအစား တစ်ခုဟုဆိုနိုင်ပြီး ပြန့်ပြူးသော ပုံစံမျိုးဖြင့် တည်ဆောက်ထားသည်။ ဖုန်းကိုယ်ထည်၏ ဘေးဘောင်များမှာ သတ္တုဘေးဘောင် ပုံစံမျိုးဖြင့် တည်ဆောက်ထားပြီး နောက်ဘက်ကာဗာမှာ ဖြုတ်တပ်ပြုလုပ်၍ မရသော ပလတ်စတစ် ကာဗာဖြစ်သည်။  နောက်ဘက် ကာဗာအပေါ် ထိပ်ပိုင်းတွင်  ကြီးမားသော ကင်မရာကို တပ်ဆင်ထားပြီး  ရှေ့မျက်နှာပြင်၏ အထက်အောက် နေရာနှစ်ခုစလုံးတွင် စပီကာများ ပါဝင်မည်ဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၆၅ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ် ၇.၆၅ စင်တီမီတာ၊ ထုထည် ၀.၇၅ စင်တီမီတာနှင့် အလေးချိန် ၁၅၀ ဂရမ်ရှိသည်။ ကိုင်တွယ်အသုံးပြုချိန်တွင် ပါးလွှာခြင်းနှင့် ပေါ့ပါးခြင်းကို ခံစားနိုင်မည် ဖြစ်သည်။

မြင်ကွင်း
ရှေ့ဘက် Screen မျက်နှာပြင်မှာ 2K အရည်အသွေးရှိ မျက်နှာပြင်ကို အသုံးပြုထားသည်။ မျက်နှာပြင်အကျယ် ၅.၅ လက်မရှိပြီး 1440X2560 Pixels (~534 ppi pixel density) ထိရရှိနိုင်မည်ဖြစ်သည်။

နည်းပညာ

နည်းပညာပိုင်းတွင် M9 ကဲ့သို့ပင် နည်းပညာသစ်များအား ပေါင်းစပ်ဖွဲ့စည်းထားသည်။ အသံစနစ်ပိုင်းတွင် Boom Sound စနစ်နှင့် Dolby Audio Surround စနစ်တို့ကို ပေါင်းစပ်ထားပြီး Theater mode နှင့် Music mode များကို ပြောင်းလဲအသုံးပြု နိုင်မည်ဖြစ်သည်။ မြန်မာစာ ဖောင့်စနစ်တွင် ပုံမှန်ယူနီကုတ် မြန်မာနှင့် ဇော်ဂျီမြန်မာစာ စနစ်များအပြင် English (Myanmar - Unicode) နှင့် English (Myanmar - Zawgyi) စနစ်များကိုပါ အသုံးပြုနိုင်သည်။ Sense 7 UI ဖြစ်သည့်အတွက် Sense 7 ၏ Feature များဖြစ်သော Themes Store, Change Navigation Buttons, Sense Home အစရှိသော စနစ်များ ပါဝင်လာမည်ဖြစ်ပြီး ကင်မရာပိုင်းတွင်လည်း Photo Booth, Bokeh အစရှိသော စနစ်များကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ Dot View စနစ်ပါဝင်ပြီး ဆန်းသစ်သော Dot View ပုံစံများကိုလည်း မြင်တွေ့ခံစား နိုင်မည်ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
Octa-core 2 GHz CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ် စနစ်အတွက်လည်း PowerVR G6200 GPU ကိုထည့်သွင်းပေးထားသည်။ Chipset  မှာ Mediatek  MT6795M  Chip ဖြစ်ပြီး OS မှာ Android OS Version 5.0.2 ဖြစ်သည်။ နောက်ဘက်ကင်မရာမှာ 20 Mega Pixel ရှိပြီး ရှေ့ကင်မရာမှာ 4 Ultra Pixel ကင်မရာ ဖြစ်ခြင်းကြောင့် ကောင်းမွန်သော ဓာတ်ပုံများကို ဖန်တီးနိုင်မည်ဖြစ်သည်။ ဖုန်းမှတ်ဉာဏ်မှာ Internal Memory 32GB နှင့် 3GB RAM ပါဝင်ပြီး မှတ်ဉာဏ်ထပ်တိုး အသုံးပြုရန်အတွက် Micro SD ကို 128GB ထိထပ်မံ ထည့်သွင်းအသုံးပြု နိုင်မည်ဖြစ်သည်။ Bluetooth v4.1, A2DP, apt-X စနစ်ဖြစ်ပြီး ဘက်ထရီမှာ Li-Po 2800 mAh ဘက်ထရီကို အသုံးပြုထားသည်။ GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။ Sim Card Slot နှစ်ခုစလုံးမှာ 3G စနစ်ထောက်ပံ့ ပေးနိုင်မည်ဖြစ်ပြီး မိမိအသုံးပြုလိုသော Sim Slot အား 3G အဖြစ် ပြောင်းလဲအသုံးပြု နိုင်မည်ဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက E9+ မှာ CPU, GPU အစရှိသော Hardware ပိုင်းများ ကောင်းမွန်သည့်အပြင် ကင်မရာပိုင်းတွင်လည်း မြင့်မားကောင်းမွန်သော ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်။ မြန်မာစာပိုင်းတွင်လည်း ပြည့်စုံကောင်းမွန်နေပြီး ဖုန်းမှတ်ဉာဏ်၊ ဖုန်းအသုံးပြု စနစ်ပိုင်းများ၊ ပုံစံဒီဇိုင်း၊ အသံစနစ်ပိုင်းများတွင် ပြည့်စုံကောင်းမွန်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com