7/30/2015

♪ Google က အမေရိကန်တွင် မြန်နှုန်းမြင့် အင်တာနက်ကို အခမဲ့ အသုံးပြုခွင့်ပေး ♫

google-fiber-austin-texas

Google က Google Fiber မြန်နှုန်းမြင့် အင်တာနက် ၀န်ဆောင်မှုပေးနေသော မြို့များတွင် အခမဲ့ ၀န်ဆောင်မှုပေးမည့် အစီအစဉ်ကို ကြေညာလိုက်ပါသည်။

Google သည် မြို့တော် ၂၇ မြို့တွင် အခမဲ့ အင်တာနက် ၀န်ဆောင်မှု သို့မဟုတ် တန်ဖိုးနည်း အင်တာနက် ၀န်ဆောင်မှုကို ပံ့ပိုးပေးမည့် Connect Home စီမံကိန်းကို White House နှင့် Deparment of Housing and Urban Development တို့နှင့် ပူးပေါင်း အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် Googel Fiber ကို Austin, Texas; Kansas City, Mo. Provo, Utah, တို့တွင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး Atlanta, Charlotte, S.C.; Nashville; Raleigh-Durham, N.C. and Salt Lake City တို့တွင် ၀န်ဆောင်မှုပေးရန် စီစဉ်နေပါသည်။

Google Fiber ကို ၂၀၁၂ ခုနှစ်တွင် စတင် ၀န်ဆောင်မှုပေးခဲ့ပြီး မြန်နှုန်းမြင့် အင်တာနက်ကို တစ်လ လျှင် ဒေါ်လာ ၇၀ ဖြင့် ရောင်းချပေးခဲ့ပြီး အင်တာနက်နှင့် တီဗီလိုင်းများကိုမူ ဒေါ်လာ ၁၂၀ ဖြင့် ရောင်းချပေး ခဲ့ပါသည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com