7/27/2015

♪ Elephone ကအရည်အသွေးမြင့်ပြီးဈေးနူန်းသက်သာသော Vowney စမတ်ဖုန်း ♫


တရုတ်စမတ်ဖုန်း ကုမ္ပဏီ Elephone ကအရည်အသွေးကောင်းမွန်သည့် ထိပ်တန်း စမတ်ဖုန်း အမျိုးအစား ကို သြဂတ်လ ၂၅ ရက်မှာစတင်ရောင်းချမည်ဖြစ်ပြီး အဆိုပါဖုန်းဟာ 2K 2560×1440 Resolution ရှိသည့်အတွက်၎င်း size 5.5 inches ဖုန်းများထဲတွင် Resolution အမြင့်ဆုံးဖုန်းအဖြစ် ကြော် ငြာထားပြီး Pre Order ကိုတရုတ်ပြည်တွင်းမှာ လက်ခံနေပြီဖြစ်သည်။

မျက်နှာပြင်အကျယ် ၅.၅ လက်မ ရှိပြီး 2560×1440 ,2K Resolution,535 ppi ဖြစ်သောကြောင့်အမြင့်ဆုံး ရုပ်ထွက် ကိုရရှိမှာဖြစ်ပြီး ကြည်လင် ပြတ်သားပြီးအရောင်တိုင်းကို ကွဲပြားစွာမြင်တွေ့ရမည်ဖြစ်သည်။ Samsung Galaxy S6 နှင့် S6 Edge မှာ 2K resolution ဖြစ်သော်လည်း Screen Size မှာ 5.1 inches သာရှိသည်။ S6 & s6 Edge၏ Resolution မှာ 1440× 2560 ,577 ppi ဖြစ်သောကြောင့် ကမ္ဘာ့ အမြင့်ဆုံး ရုပ်ထွက် အကောင်းဆုံးစမတ်ဖုန်းများဖြစ်ကြသည်။


Vowney ရဲ့ CPU ကို MediaTek MT 6795 64 bit octa-core 2.2 G Hz ကိုအသုံးပြုထားပြီး RAM 4 GB ဖြင့်မောင်းနှင်ထားသောကြောင့် အကောင်းဆုံး အမြန်ဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာမှာ မလွဲပါဘူး။ Internal Memory 32 GB နှင့် MicroSD 64 GB ထိထပ်မံအသုံးပြုနိင်ပါသည်။ Camera ကိုလဲ 21MP Sony IMX 230 အမျိုးအစား အသုံးပြုထားပြီး 4K video များကောင်းမွန်စွာရိုက်ကူးနိုင်ပြီး Font camera မှာ 8MP ဖြစ်သည်။ဘက်ထရီကို 3850 mAh တပ်ဆင်ထားသည်။

Dual Sim အမျိုးအစားဖြစ်ပြီး လက်ဗွေ လုံခြုံရေး Fingerprint scannerပါဝင်သည်။ ဈေးနူန်းကို US $ 299.99 သတ်မှတ်ထားကြောင်းသိရှိရသည်။

Credit to ==>Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com