7/24/2015

♪ Samsung က မိုဘိုင်းဖုန်းများအတွက် 11K Display များကို တီထွင်နေ ♫

Ashampoo_Snap_001_

Samsung က သုံးဖက်မြင်ရုပ်ပုံများကဲ့သို့ တွေ့မြင်နိုင်သော Pixels များစွာ ပါသည့် Display အသစ်တစ်မျိုးကို တီထွင်နေသည်ဟု Electronic Times က ရေးသားထားပါသည်။ Samsung က 4K နှင့် 8K Display များကို အောင်မြင်စွာ တီထွင်နိုင်ပြီး ဖြစ်ပါသည်။

ယခုအခါ Samsung က တစ်လက်မလျှင် 2250pixels ပါသော 11K Resolution Mobile Display များကို တီထွင်နေပြီ ဖြစ်သည်။ Samsung က အခြား Company ၁၃ ခုအပြင် အဆိုပါ စီမံကိန်းတွင် ဒေါ်လာ ၂၇ သန်းနီးပါး ရင်းနှီးမြှပ်နှံထားသော အစိုးရနှင့်လည်း ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းကို EnDK ဟု အမည်ပေးထားပြီး ၂၀၁၈ တွင် နမူနာပုံစံကို တီထွင်နိုင်ရန် မျှော်လင့်ထား ပါသည်။ ထို့အတွက် ၂၀၁၉ တွင် 11K Display များကို စမတ်ဖုန်းများတွင် တွေ့မြင်နိုင်မည် ဖြစ်ပြီး လက်ရှိ Quad-HD Mobile Display များထက် Pixels ပမာဏ လေးဆပိုမိုများပြားမည် ဖြစ်သည်။

Samsung က အဆိုပါ ပမာဏများပြားသော Pixels များကြောင့် 3D မျက်မှန် မပါဘဲ သုံးဖက်မြင် ရုပ်ပုံများကို ခံစားတွေ့မြင်နိုင်မည်ဟု ပြောပါသည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com