7/27/2015

♪ Oppo က Mirror 5 ကို မိတ်ဆက် ♫

3

Oppo က သတ္တုနှစ်မျိုး ပေါင်းစပ် အသုံးပြုထားသော Mirror 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါသည်။

Mirror 5 တွင် ငါးလက်မ 720p Display ပါရှိပြီး 1080p Full HD Video များကို ရိုက်ကူးနိုင်သော 8MP Camera ကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 5MP Camera ပါရှိပါသည်။ ဓါတ်ပုံများကို အလှဆင်ပေးသည့် Beautify 3.0 Software ပါရှိပါသည်။ Camera Software သည် Time-Lapse, GIFs များကိုလည်း ရိုက်ကူးပေးနိုင်ပါသည်။ 16GB Storage ပါရှိသည့်အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။

Android 5.1 Lollipop ကို Oppo Color OS 2.1 နှင့် တွဲဖက် အသုံးပြုထားပါသည်။ 1.2GHz Quad-Core 64-bit Processor ပါသော Snapdragon 410 Chipset နှင့် 2GB RAM , 2420mAh Battery ထည့်သွင်းထားပါသည်။

Dual-SIM Phone ဖြစ်ပြီး LTE ဆက်သွယ်မှုကို ထောက်ပံ့ပေးပါသည်။ WiFi b/g/n , IR Blaster တို့ပါရှိပါသည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com