7/27/2015

♪ Xiaomi က Android Smart TV အသစ်တစ်လုံးကို မိတ်ဆက် ♫

2

တရုတ် အခြေစိုက် ရှောင်မီက Mi TV S2 ဟု အမည်ပေးထားသော Ultra HD Display တပ်ဆင်ထားသည့် စမတ်တီဗီအသစ်ကို ပြသလိုက်ပါသည်။

၄၈ လက်မ Mi TV 2S ကို ဘေဂျင်းရှိ ပွဲတစ်ခုတွင် ပြသလိုက်ခြင်းဖြစ်ပြီး ၄၀ ၊ ၄၉ ၊ ၅၅ လက်မ အရွယ် စမတ်တီဗီများနှင့် အတူ ရောင်းချမည် ဖြစ်သည်။ Mi TV 2S ကို ဒေါ်လာ ၄၈၀ ၀န်းကျင် သတ်မှတ်ထားပြီး တရုတ်ရှိ ပထမဆုံး တီဗီ ၀ယ်ယူမည့် လူများကို ရည်ရွယ် ထုတ်လုပ်ပေးထားပါသည်။

Mi TV 2S ကို ၉.၉ မီလီမီတာ အထူရှိသော အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး Samsung ၏ 4K Display ကို အသုံးပြုထားပါသည်။ Dolby Audio ပါရှိပြီး MStar 6A928 Processor ဖြင့် မောင်းနှင်မည် ဖြစ်သည်။ တီဗီသည် တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် 4K ပုံရိပ်များကို ပြသပေးမည် ဖြစ်သည်။ ရှောင်မီ၏ ကိုယ်ပိုင် အင်တာနက် တီဗီ ပလက်ဖောင်းမှ ရုပ်ရှင်နှင့် တီဗီအစီအစဉ်များကို ကြည့်ရှုနိုင်မည် ဖြစ်သည်။

တီဗီတွင် 2GB RAM, 8GB Storage, Bluetooth 4.0 , WiFi 802.11 ac တို့ ပါရှိပါသည်။ Android 5.0 Lollipop ကို Xiaomi ၏ MIUI TV Interface နှင့် ပေါင်းစပ် ဖန်တီးထားပါသည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com