တန်ဖိုး - ကျပ် ၁၄၆,၀၀၀
အားသာချက်
CDMA အသုံးပြုသူများရော GSM အသုံးပြုသူများပါ သုံးစွဲနိုင်မယ့် Tablet အမျိုးအစားတစ်ခု ဖြစ်ပါ တယ်။ ဈေးနှုန်းမျှတတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းမွန် တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းကလည်း ကောင်းမွန်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
အားနည်းချက်
ဒီ Tablet ရဲ့ ဒီဇိုင်းကတော့ ဆန်းသစ်တဲ့ ဒီဇိုင်းမျိုးရှိမှာမဟုတ်ဘဲ သာမန်မြင်တွေ့နေရတဲ့ Tablet ဒီဇိုင်းမျိုးပဲရှိတာကို တွေ့ရပါလိမ့်မယ်။
သုံးသပ်ချက်
ဈေးနှုန်းချိုသာတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်သလို CDMA သုံးစွဲသူများလည်း ထည့်သွင်း အသုံးပြုနိုင်မယ့် Tablet တစ်ခုဖြစ်ပါတယ်။ ခရီးသွားလာနေကျ လူများအဖို့ အလွယ်တကူ သယ်ယူသွားနိုင် မယ့် Tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Snapdragon 8625Q Chipset ကို အသုံးပြုထားပြီး Quad Core Processor ကို သုံးစွဲထားပါတယ်။ Processor ရဲ့ အမြန်နှုန်းကတော့ 1.2 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်း ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Storage များများ အသုံးပြုချင်သူများအတွက် 64 GB ပမာဏရှိတဲ့ MicroSD Card ကိုလည်း ထည့်သွင်း အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 4.1.2 Version ကို အသုံးပြုထားပြီး Display Screen မှာ IPS capacitive multi-touch screen ကိုအသုံးပြုထားကာ Resolution ကတော့ 1024 x 600 resolution ရှိမှာဖြစ်ပါတယ်။
Screen အရွယ်အစားမှာ ၇လက်မခန့် ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း rear camera မှာ 8 Megapixels ရှိမှာဖြစ်ပြီး Front Camera ကတော့ 0.3 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြုထားပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆ ကတော့ 3650mAh ရှိမှာဖြစ်ပါတယ်။ MP3, WAV, AAC, WMA, OGG, FLAC အစရှိတဲ့ Audio Format များကို အထောက်အပံ့ပေးထားပြီး Video ပိုင်းမှာလည်း 1080p HD Video များကို ကြည့်ရှုနိုင်ရန် အထောက်အပံ့ ပေးထားတာကို တွေ့မြင်ရ မှာဖြစ်ပါတယ်။
ဒီဇိုင်း
Tablet ရဲ့ စပီကာကို အပေါ်ဘက်မှာ တပ်ဆင်ပေးထားပြီး၊ Volume အတိုးအလျော့ Button ကို tablet ရဲ့ ညာဘက်အခြမ်း အပေါ်ဘက်နားမှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်ကင်မရာကို ဘယ်ဘက် ထောင့်စွန်းမှာ ထည့်သွင်းပေးထာားတာကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ဆက်သွယ်ဝယ်ယူနိုင်မည့်လိပ်စာ
T-Land IT, Digital & Mobile
ဆက်သွယ်နိုင်မည့်ဖုန်း
၃၈၂၈၆၈

Credit to ==> Internet Journal