6/12/2015

♪ Windows 10 ကို ဇူလိုင် (၂၉) ရက်နေ့တွင် ဖြန့်ချီမည် ♫

2

Microsoft ၏ Operating Systems ဌာနမှ အရာရှိဖြစ်သူ Terry Myerson က Windows 10 ကို ဇူလိုင် (၂၉) ရက်နေ့တွင် ဖြန့်ချီမည်ဟု ဘလော့ပို့စ်တစ်ခုတွင် ရေးသားထားပါသည်။

စတင်ဖြန့်ချီသည့်နေ့တွင် နိုင်ငံပေါင်း ၁၉၀ အတွက် Windows 10 ထည့်သွင်းထားသော ပီစီအသစ်များကို ၀ယ်ယူနိုင်မည် ဖြစ်သကဲ့သို့ Windows 7 နှင့် Windows 8.1 ကို ၀ယ်ယူ ထည့်သွင်းထားသူများအနေဖြင့် ပထမတစ်နှစ်အတွင်းတွင် Windows 10 ကို အခမဲ့ အဆင့်မြှင့်နိုင်မည် ဖြစ်သည်။ Microsoft က Windows 10 Home ကို ဒေါ်လာ ၁၁၉ နှင့် Pro ကို ဒေါ်လာ ၁၉၉ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ Windows 10 Home ကို ၀ယ်ယူပြီးသူများအနေဖြင့်လည်း နောက်ပိုင်းမှ Pro ကို အဆင့်မြှင့်နိုင်ပြီး ဒေါ်လာ ၉၉ ကုန်ကျမည် ဖြစ်သည်။

Microsoft က Windows 10 သည် နောက်ဆုံး ၀င်းဒိုးဗားရှင်းဖြစ်လာမည်ဖြစ်သည်ဟု ကြေညာထားပါ သည်။ Microsoft က ၀င်းဒိုးကို Service အနေဖြင့် အသွင်းပြောင်းမည်ဖြစ်ပြီး အဆင့်မြှင့်တင်မှုများကို အွန်လိုင်းမှ ပြုလုပ်ပေးမည် ဖြစ်သည်။

Windows 10 တွင် Microsoft Edge ၀က်ဘရောက်စာအသစ်၊ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana တို့ ပါရှိလာမည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com