6/29/2015

♪ စမတ်ဖုန်းကင်မရာဖြင့် ရိုက်ကူးသည့်ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမည် ♫

image01

စမတ်ဖုန်း ကင်မရာဖြင့် ဇာတ်လမ်းတိုရိုက်ကူးပြီး ပြိုင်ပွဲဝင်နိုင်မည့် Smartphone film festival ကို ၂၀၁၅ ခုနှစ် သြဂုတ် လအတွင်း ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Yangonheartz business solution Co.,Ltd မှ သတင်းထုတ်ပြန်ပါသည်။

ပြည်တွင်းတွင် သုံးစွဲမှုမြင့်တက်လာသည့် Smartphone ကိုင်ဆောင်သူ များ၏ အနုပညာပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှုများ အား ဖော်ထုတ်ပြသရန် အတွက် စီစဉ်ကျင်းပရခြင်း ဖြစ်ပြီး လူမျိုးတိုင်း၏ ယဉ်ကျေး မှု ဓလေ့စရိုက်များ၊ နေ့စဉ်နေထိုင်မှုဘ၀၊ လွတ်လပ်သည့်လှုပ်ရှားပျော်ရွှင်မှု၊ ဓလေ့ထုံးစံနှင့် အနုပညာ ဖန်တီးမှုများ အား နည်းပညာဖြင့် ဖော်ထုတ်ပြသသွားရန် အတွက် မိမိတို့လက်ထဲမှာ ရောက်ရှိနေပြီး မိမိတို့ခေတ်ရဲ့ ရှင်သန်မှု တစ်စိတ်တစ်ပိုင်းဖြစ်လာသည့် မိုဘိုင်းဖုံး များဖြင့် မှတ်သားရိုက်ကူး ထားသည့် မိမိတို့ရဲ့အမှတ်တရများ၊ စိတ်ကူးနဲ့ ပုံဖော်မှုများအား အလျှင်မြန်ဆုံးနဲ့ အပြောင်မြောက်ဆုံး တင်ဆက်ပြသသွားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ 

Smartphone film festival သည် short film အမျိုးအစားအဖြစ် အဓိကပါဝင်ပြီး ကြာမြင့်ချိန် ၅ မိနစ်မှ ၁၀ မိနစ်အထိ သာ ကန့်သတ်ထားသည့် movie clip များဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။


ဆုအမျိုးအစား ၃ ဆုခွဲခြားချီးမြင့်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား smartphone film festival ၏ တရားဝင် website ဖြစ်သော www.spffmm.com တွင် update များတင်ပြပေးမည်ဖြစ်ပြီး FB.com/pages/Smartphone-Film-Festival-Yangon မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


ယခုကျင်းပသည့် Smartphone Film Festival သည် မြန်မာပြည်တွင် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး စုံစမ်းမေးမြန်းမှုများအတွက် ၀၉၉၇၅၄၃၂၈၇၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။



Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com