6/12/2015

♪ Google က အကောင့်ပိုင်ရှင်များ၏ လုံခြုံရေးအတွက် My Account ၀က်စာမျက်နှာတစ်ခုပြုလုပ်ပေး ♫

1

Google က အကောင့်ကို ထိန်းချုပ်၊ ကာကွယ်နိုင်သည့် My Account ၀က်စာမျက်နှာအသစ်တစ်ခုကို ပြု လုပ်ပေးလိုက်ပါသည်။ အဆိုပါ စာမျက်နှာတွင် Privacy Settings များကို စိမံခန့်ခွဲနိုင်ပါသည်။

Password များကို စီမံခန့်ခွဲနိုင်ခြင်း၊ Account History များကို ကြည့်ရှုနိုင်ခြင်း၊ ကိုယ်ရေး အချက်အလက် များကို ပြောင်းလဲနိုင်ခြင်းနှင့် ကြော်ညာများကို ရွေးချယ်နိုင်ခြင်းတို့ကဲ့သို့ အလုပ်များကို ပြုလုပ်နိုင်ပါသည်။

“ ကျွန်တော်တို့အားလုံးဟာ ဒီလို အခြေအနေတွေကို ကြုံတွေ့ခဲ့ဖူးကြပါတယ်။ ဖုန်းပျောက်သွားလို့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို ဖျက်ဆီးချင်တဲ့ အခြေအနေမျိုး၊ ပွဲတစ်ခုတက်ရောက်တဲ့အခါမှာ သင့်ရဲ့ ဓါတ်ပုံများကို လူအားလုံးနဲ့ မဟုတ်ဘဲ လူအချို့နဲ့ မျှဝေချင်တဲ့ အခြေအနေမျိုး၊ သင့်ရဲ့ သတင်းအချက်အလက် များစွာကို တောင်းခံတဲ့ App တစ်ခုကို ဒေါင်းလုပ်လုပ်မိတဲ့ အခြေအနေမျိုးတွေ ဖြစ်ပါတယ်။ “ ဟု Google Account Controls and Settings Product Manager ဖြစ်သူ Guemmy Kim က ဘလော့ စာမျက်နှာတွင် ရေးသားထားပါသည်။

My Account စာမျက်နှာမှနေ၍ သင့် အကောင့်နှင့် ချိတ်ဆက်ထားသော Apps နှင့် Sites များကို ကြည့်ရှု၊ ထိန်းချုပ်နိုင်ပါသည်။ Google Products များမှ သင်၏ ဒေတာများကို ဒေါင်းလုပ်ရယူနိုင်ပါသည်။ Accessibility Settings များကို ပြင်ဆင်နိုင်ပြီး သင့်အကောင့်ကို ဖျက်ဆီးနိုင်ပါသည်။

My Account အပြင် Google က ကုမ္ပဏီက အသုံးပြုသူများထံမှ ကောက်ယူသည့် ဒေတာများနှင့် ဒေတာ များကို မည်သည့် နေရာတွင် အသုံးပြုသည် ဆိုသည့် လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ မေးခွန်းများအတွက် အဖြေများကို ပြသပေးထားသည့် ၀က်စာမျက်နှာအသစ်တစ်ခုကိုလည်း ပြုလုပ်ပေးလိုက်ပါသည်။

My Account စာမျက်နှာ၏ လိပ်စာမှာ myaccount.google.com ဖြစ်ပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com