6/27/2015

♪ Meizu ရဲ့မျော်လင့်ချက်(သို့) MX 5 ♫


Meizu ကုမ္ပဏီဟာ ယခင်ကMP 3 Player လေးတွေထုတ်တဲ့ကုမ္ပဏီဖြစ်ပြီး စမတ်ဖုန်း များထုတ်လုပ် ရာမှာလဲတော်တော်အောင်မြင်နေပြီး တရုတ်ပြည်နှင့်ဥရောပ မှာသုံးစွဲသူ များပြားလာပာတယ်။သေသပ်တဲ့ ထုတ်ကုန်တွေကို စနစ်တကျ ထုတ်လေ့ရှိတာကြောင့် တဖြည်းဖြည်းနာမည်ကြီးလာပြီး ၎င်းတို့နောက်ဆုံး ထွက်ရှိခဲ့တဲ့ MX 4 Pro ဆိုတော်တော်ကောင်းမွန်ပြီး( Flagship Killer နာမည်ကြီးဖုန်းများ ကိုနောက်ကောက်ချနိုင်သည့်ဖုန်း)လို့ ခေါ်တွင်ခဲ့သည်အထိအောင်မြင်ခဲ့ပြီး ယခု MX 5 မှာဆိုရင် ပိုမိုအောင်မြင်ဖို့အလားအလာကောင်းနေပါ တယ်။

ဘာကြောင့်လဲ ဆိုရင် ၎င်းရဲ့ တပ်ဆင်ထားတဲ့ အရည်အသွေး နဲ့ဈေးနူန်း တို့ကြောင့်ဖြစ်ပါတယ်။ ကျနော်တို့ သူရဲ့ Spec တွေကိုလေ့လာကြည့်ကြရအောင်၊ MX 5ရဲ့ မျက်နှာပြင် အကျယ် က 5.5 လက်မ ရှိပြီး Full HD (401 ppi) ဖြစ်ပြီး Corning Gorilla Glass 4 ဖုံးအုပ်ထားပါတယ်။ Mediatek MT6795Octa-core 2.1 GHz Cortex ကိုသုံးထားပြီး RAM 3 GB နဲ့မောင်းနှင်ထားသောကြောင့် အလွန်မြန်ဆန်တဲ့ စွမ်းရည် ပြည့်ဖုန်းတစ်လုံးဖြစ်မှာမလွဲပါဘူး။ ဒါ့အပြင် ကင်မရာ မှာ ပင်မအနေဖြင့် Main Camera 20 MP ဖြစ်ပြီး မျက်နှပြင်ကင်မရာကို 5MP တပ်ဆင်ထားသောကြောင့် ကင်မရာ အပိုင်းမှာလည်းအကောင်းဆုံး အနေအထား ရှိနေပါတယ်။


Memory အနေဖြင့် Internal 16GB အပြင် MicroSD 128GB ထိထပ်မံအသုံးပြုနိင်ပါသည်။ဘက်ထရီ အား 3150mAh ကို M Charge လို့ အမည်ပေးထားတဲ့ အမြန်အားသွင်းပါဝင်လာပြီး ၎င်းစနစ်မှာ ဘက်ထရီ အား 30% ကို 10 မိနစ် နှင့် 60% ကို 20 မိနစ် အတွင်းမှာသွင်းနိုင်တာမို့ Android စနစ်ရဲ့ ဘက်ထရီအားအမြန်ကုန်ခြင်းပြသနာကိုဖြေရှင်းထားတာကိုတွေ့ရသည်။ဈေးနူန်းမှာ US $ 250 ဖြစ်သည်။ MX 5 ကို ယခုလ ၃၀ ရက်နေ့တွင်မိတ်ဆက်မည်ဖြစ်ပြီး Global Version အနေဖြင့် ဈေးနူန်း အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်းသိရှိရပါသည်။Meizu ဖုန်းများသည် Android ကိုအခြေပြု ထားသော Flyme OS ဖြင့်ထုတ်လုပ်လေ့ရှိပြီး ယခု Flyme Version မှာ 5.0 Lollipop ကိုဆန်းသစ်ထားခြင်းဖြစ်သည်။
Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com